http://ninedeblood.blogspot.com/
နောက်ဆုံးရရှိသောသတင်းအရ မြိုင်ကြီးငူဆရာတော်သည် ဘန်ကောက်မြို့ကနေမြိုင်ကြီးငူ
အထူးဒေသသို့ ယမန်နေ့က ပြန်လည်ရောက်ရှိလာပြီးဖြစ်ဖြစ်သည်။
ယခုမြိုင်ကြီးငူတွင် ဖြစ်ပျက်နေသော ပြသနာသည် ကရင်အချင်းချင်းသတ်ဖြတ်ရန်မဟုတ်ပဲ
အထက်ခေါင်းဆောင်များ ကိုယ်ကျိုးအတွက်သာကြည့်ပြီး သောက်သုံးမကျမှုကြောင့် အာဏာ
သိမ်းမှုသာ ဖြစ်ကြောင်း KNU (၁၀၁)ဒုတပ်ရင်းမှူး စောဖါဒိုက ပြောပါသည်။
ဆက်လက်၍ '' မြိုင်ကြီးငူဆရာတော် ပြန်ရောက်လာတယ်ဆိုတော့ ဗမာစစ်တပ်က လာရောက်
ချည်းကပ်မယ်ဆိုရင် အခုလက်ရှိအခြေအနေကို ထိခိုက်သွားနိုင်မလား" ဆိုပြီး တပ်ရင်းမှူး
စောဖေါဒိုကို မေးမြန်းကြည့်ရာမှာ '' ဒါကို စိုးရိမ်စရာ မလိုဘူး၊ အခုဖြစ်နေတာက အာဏာသိမ်း
တာပေါ့နော်၊ ဗိုလ်ချုပ်လားပွယ်တို့ ဗိုလ်ဘိတို့ဘက် ရပ်တည်ပြီး ဆရာတော်ပြန်ရောက်လာ
တာဖြစ်တယ်၊ တပ်တွေဖြန့်ထားပြီမို့ ဗမာစစ်တပ်တက်လာရင် ပစ်ဖို့အဆင်သင့်ရှိနေတယ်"
ဆိုပြီး စောဖေါဒိုက ပြန်လည်ပြောကြားခဲ့သည်။
ဗမာစစ်တပ်သည် ဗိုလ်ချုပ်စောလားပွယ်တို့အား ထိုးစစ်ဆင်ရာတွင် ၂၀၁၀၊ နိုဝင်ဘာလမှ
၂၀၁၁၊ဧပြီလအထိ တပ်ရင်း(၁၀)ရင်းစာ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်အသုံးစားရိတ်မှာ တစ်ရက်
လျှင် ပျမ်းမျှ ကျပ်သိန်း(၄၀၀) သုံးစွဲခဲ့ကြောင်းလည်း သိရပါသည်။
သို့ဖြစ်၍ ယခုလို ကရင်အမျိုးသားလှုပ်ရှား ပြန်လည်ပေါင်းစည်းချိန်တွင် တိုင်းရင်းသားများကို
ဖိနှိပ်ချုပ်ခြယ်သော ဗမာစစ်တပ်ကို ခုခံတိုက်ခိုက်ရန် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်
လက်ရွံ့နေမည် မဟုတ်ကြောင်း မြိုင်ကြီးငူအထူးဒေသတွင် တပ်ဖြန့်နေသော ကရင်လက်နက်
ကိုင်တပ်ဖွဲ့များက ဆိုပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment