တာကလူး
------------
မြန်မာစစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ထိုးစစ်ဆင်နေသည့် အရှေ့ဘက် စစ်မျက်နှာတွင် အင်အားထပ်ဖြည့်ရန် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေးမှူးဌာနချုပ်မှ စစ်အင်အား ၃၀၀ ကျော်ကို ယနေ့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ ရှမ်းပြည်နယ်ဘက်ကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ အဓိကတော့ အက်စ်အက်စ်အေကို ထိုးစစ်ဆင်တဲ့ နေရာမှာ အင်အားထပ်ဖြည့်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းကပဲ ဘူးသီးတောင်ကနေ သင်္ဘောနဲ့ ထွက်သွားကြပါပြီ” ဟု ပြောသည်။
အဆိုပါစစ်ကြောင်းကို ဘူးသီးတောင် စကခမှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မောင်မောင်ဦးမှ ဦးဆောင်ပြီး၊ စကခ လက်အောက်ခံ အမှတ် (၃၅၄) နှင့် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းများမှ အရာရှိအပါအ၀င် စစ်သားအင်အား ၃၁၄ ယောက်နှင့်အတူ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။
အရှေ့ဘက်မှလာသော သတင်းများအရ ယခုရက်ပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်များသည် ရှမ်းပြည်နယ်အတွင်း အက်စ်အက်စ်အေ ထိန်းချုပ်နေမြေများကို လက်နက်ကြီးများ ပစ်ခတ်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
နအဖစစ်အစိုးရမှ ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းအများအပြားကို ယခုနှစ်နှစ်ဆန်းပိုင်းမှ စ၍ အရှေ့ဘက်ထိုးစစ်တွင် အသုံးပြုနေခြင်းကြောင့် ဒေသအတွင်းရှိ တချို့တပ်ရင်းများတွင် တပ်သားအလုံအလောက် မရှိတော့၍ တပ်လုံခြုံရေးအတွက် တပ်မိသားစုဝင်များကို လက်နက်ကိုင်ခိုင်းပြီး ကင်းစောင့် ခိုင်းထားရကြောင်း စစ်တပ်မှလာသော သတင်းများအရ သိရှိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment