http://www.rfa.org/burmese
ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ပြေးဒုက္ခသည် အမည်ခံတွေထဲက အများစုဟာ သူတို့ဆန္ဒ အလျောက် တဖက်နိုင်ငံမှာ နေထိုင်သူတွေသာ ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။
အစိုးရ စစ်တပ်၏ လိုက်လံ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တောတောင်များထဲတွင် ထွက်ပြေး ပုန်းအောင်းနေရသော ကရင် ရွာသူရွာသားများကို တောတွင်းတနေရာမှာ တွေ့ရပုံ ဖြစ်ပါသည် ။ (Photo: Free Burma Rangers)
လှိုင်းဘွဲ့ မြို့နယ် အမတ် ဦးစောသိန်းအောင်ရဲ့ အမေးကို ပြန်လည် ဖြေဆိုရာမှာ ဦးကျော်ဆန်းက အဲဒီလို မှတ်ချက်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးစောသိန်းအောင်က ကရင်ပြည်သူတွေအနေနဲ့ နယ်မြေ ငြိမ်းချမ်းရေးအတွက် ပါဝင်ကူညီလိုကြောင်း မေးခွန်းအပြင်၊ ကရင်ပြည်နယ်တွင်းက စစ်ပြေး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း ပြည်သူ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ NDF ပါတီက ဦးကြီးမြင့်က ပြောပါတယ်။
“အဲဒီတော့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်၊ စစ်လည်း မဖြစ်ချင်ပါဘူးပေါ့လေ။ ငြိမ်းချမ်းရေးကလည်း ဖြစ်စေချင်ပါတယ်၊ ပြည်သူတွေ ပါဝင်ဖို့ ဆိုတာလည်း ကြိုဆိုပါတယ်၊ တကယ်လည်း လိုအပ်တဲ့အချက် ဖြစ်ပါတယ်ပေါ့လေ။ နောက် စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကတော့ စစ်ပြေး ဒုက္ခသည်၊ စစ်ပြေးလို့သာ ပြောပေမဲ့ ဒီ တဖက်နိုင်ငံရဲ့ နယ်စပ်မှာ ရှိတဲ့ ဒီနယ် အပိုင်းမှာ ရှိတဲ့ ဟို refugees တွေ ဆိုတာက သူတို့ အကြောင်းနဲ့ သူတို့ နေချင်လို့ နေတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်ပေါ့။ ကျန်တာတွေကတော့ တကဲ့လူတွေက ကူညီပြီးတော့ သူ့နေရာသူ ရောက်သွားကြတာတွေ ရှိတယ်ပေါ့လေ။ အဲဒီလောက်ပဲ ဖြေသွားတယ်။”
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၅ ခု မေးမြန်းခဲ့တာ ဖြစ်ပြီး အဆို ၂ ရပ် တင်သွင်းခဲ့ကြောင်း သိရပါတယ်။
မေးခွန်းတွေထဲမှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လွှတ်တော်အမတ် ဦးခင်မောင်ရီ၊ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးရွှေမောင်နဲ့ ဦးစောသိန်းအောင်တို့က မေးမြန်းခဲ့တာ ဖြစ်ပြီး တင်သွင်းတဲ့ အဆိုနှစ်ရပ်ကတော့ လျှပ်စစ်ဓာတ်အား ရရှိရေးနဲ့ ပတ်သက်တဲ့ အဆိုနဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ အဆိုတွေကို တင်သွင်းခဲ့တာပါ။
အဲဒီအဆိုနှစ်ရပ်အနက် အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ အဆိုကို မနက်ဖြန် မတ်လ ၂၂ ရက်မှာ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment