ဟားဟား.........
စာချိုးကတစ်ကယ်ကိုလှ
ရုရှားကိုကိုတွေအတွက်တော့
ခုလုစရာပ
အထာမကျတာက…….ဒီလို
အကောင့်တွေ ၃ ၄မျိုးနဲ့
ဖောက်ချက်ကလဲ တတ်သေး
ရောက်ရက်ခတ်အောင်လဲကျူတတ်
တစ်ချို့တစ်လေတွေရယ်ကြောင့်
တစ်လှေလုံးပုပ်ကုန်ပေမယ့်
ကောင်းသူတစ်ချို့အတွက်တော့ စာနာ
မယုံရဲ့တာသူတို့အပြစ်မဟုတ်
ကျုပ်တို့ ပေးဆပ်နေတဲ့
အခွန်ထုတ်တစ်ချို့က
ယမက်တက် သူတို့လက်မှာ
ဘော်ကာပုလင်းဖြစ်ဖို့အတွက်
အဆူအငေါက်ကလဲခံရ
တန်းစီပြီးစောင့် ရတလဲ အလုပ်ပျက်
မ၀င့်မရဲ့နဲ့ မျက်နှာလေးမဲ့နေခဲ့ရ
ဒီလူတွေအဖြစ် ဘဝ
မင့်တို့ ကိုယ်ချင်းစာမိကြရဲ့လား ။ ။ ။
ကိုယ်ပိုင်အစွမ်းအစနဲ့
ကိုယ်ပိုင်လမ်းကိုခင်နိုင်ရဲ့လားစစ်ဆေး
အဟောင်ကောင်းတဲ့ခွေးမို့
လက်သတ်မွေးထားတာသိ
မြန်မာဆိုတဲ့ သတ္တိနဲု့
ကမ္ဘာကိုရှင်ဖို့ ကြိုးစားကြည့်တာဂုဏ်ယူ
အမျိုးတူကိုမနှောက်ရှက်နဲ့
ဖောက်ဖျက်တဲ့မင့်တို့သွေး
တစ်နေ့မှာခေါင်းငုံပေးရမယ်ဆိုတာသိရဲ့လား ။ ။ ။
ကိုယ်ပိုင်အ၇ည်အချင်းမရှိ
တိုင်းပြည်ကပေးတဲ့ အသိနဲ့ မှတင့်တယ်
ဂုဏ်မြင်တယ်မထင်လေနဲ့
မင့်တို့ တစ်နှစ်စာငွေထုတ်က
ငါ့ တို့ ချွေးနဲစာထဲ့က ဖြတ် ထုတ် ထားတာသိရဲ့လား ။ ။ ။
ရိုးသားစွားကြိုးစားနေသူတွေအတွက်
ငါတို့ ပေးဆပ်ရကြိုးလက်ခံတယ်
ကိုယ်လူမျိုးကိုပြန် နှက်
သခင်မှန်းမသိတဲ့ သူတွေအတွက်တော့
တိုင်ပြည်မြေလေး
ပုတ္ခ၀တာမိုးရေ
အညစ်သွေးတွေဆေးပေးလိုက်ပါ တော့
နန်းယမင်း






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment