
တပ်မတော်နေ့ ညစာစားပွဲတဲ့ဗျာ... တစ်ခြားနှစ်တွေမှာ လုပ်တာ ပြသနာမရှိပါ.. လုပ်ကြပါ ဘာမှမပြောလိုပေမယ့် .. စားနိုင် သောက်နိုင်သူတွေကို နေပြည်တော်ဆိုတဲ့ အရပ်မှာတော့ ဝတ်ကောင်းစားလှ... စားကောင်းသောက်ဖွယ် တွေနဲ့ ပြုံးပျော် ဧည့်ခံ ကျွေးမွေးနေချိန်မှာတော့ တာလေနဲ့ ငလျင်ဒဏ်ခံနေရတဲ့ အရပ်တွေမှာ ရှိနေကြတဲ့ စားရမယ့် သောက်ရမယ့် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကတော့ ..
စေတနာရှင်တွေ လာရောက် ဝေငှတဲ့ စားစရာ၊ ရိက္ခာလေးတွေကို ကိုရင်ငယ်လေးတွေက အစ အလုအယက်ပေါ့..

အပူရုပ်ကို ဟန်မလုပ်နိုင်တော့တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျက်ရည်တွေကတော့ ဆုံးရှုံးမှုတွေ သောကတွေနဲ့လေ.။ ပြည်သူတွေ အပေါ်မေတ္တာထားရင်၊ ကိုယ်ချင်းစာစိတ်ရှိရင် အာဏာရှင်ကြီးအတွက် သွားချင်ရင် အနီးကလေးပေါ့...။ တိုင်းသူပြည်သား တွေကို ဝမ်းနည်းကြောင်းနဲ့ အားပေးစကားတောင် လာရောက် မပြောနိုင်တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူပါ...
ပြုံးပျော် မူးမော် မျက်နှာလို မျက်နှာရ လက်အုပ်ချီတဲ့ သူကချီ .. ပြောင်ပြောင် ရောင်ရောင် အဝတ်အစားတွေနဲ့ နေရာလေးရရေး၊ ရာထူးလေးတိုးရေး၊ လုပ်ပိုင်ခွင့်လေးများ မစရေးအတွက် အကျိုးမြော်ကိုး လက်အုပ်ချီ နေကြတဲ့ အချိန်မှာ...
ငလျင်ဒဏ်ခံရတဲ့ ဒေသက ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုးကွယ်ရာ အစစ်ကိုသာ အားကိုးအားထားရင်း သေဆုံးသူတွေ ဘဝကူးကောင်းအောင် ဆုတောင်းမေတ္တာ ပို့သနေရတယ်လေ။
အခုအချိန်မှာ လိုအပ်နေတာကတော့ နေဖို့ထက် စားဖို့က အရေးကြီးနေပြီပေါ့..
ဒုက္ခရောက်နေတဲ့ အချိန်မှာ သခင်အပါးက တဖဝါးမှ မခွါပဲ သစ္စာ ၊အသိတရားရှိတဲ့ အဟိတ် တိရိစ္ဆာန် ခွေးလေး...
.......သိစေချင် ၊ ဖတ်စေချင်သော စေတနဖြင့် ( ဒီမိုဝေယံ )
29 March 2011
အာဏာရှင် တည်ခင်းသော ညစာစားပွဲ နှင့် ငလျှင်ဒဏ် ခံရသောသူများရဲ့  ကွာခြားချက် ပုံတွေ....
Etiketter: news
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment