http://www.naytthit.net
မတ်လ ၁ ရက်နေ့က ဒီကေဘီအေ တပ်မှူး ၂ ဦးပုံနဲ့ ဝရမ်းထုတ်ထားတဲ့  စာရွက်တွေကို ကော့ကရိတ်မြို့ထဲက နေရာ တော်တော်များများမှာ စကခ ၁၂ က  ဦးစီးပြီး လိုက်ကပ်ခဲ့ပါတယ်။ မနေ့ကတော့ ကပ်ထားတာ ဝရမ်းစာရွက်တွေကို ခဝတ  အဖွဲ့က ဦးစီးပြီး လိုက်ခွာပြီး သိမ်းနေတယ်လို့ သိရှိရပါတယ်။
ကော့ကရိတ်မြို့နယ်ထဲက နေရာအတော်များများမှာကပ်ထားတဲ့ ဒီကေဘီအေ တပ်မှူး  ဗိုလ်ကျော်သက်နဲ့ ဗိုလ်ဆန်း အောင် တို့ ၂ ဦးပုံပါတဲ့  ဖမ်းဝရမ်းစာရွက်တွေကို ကော့ကရိတ် ခဝတ အနေနဲ့ မတ်လ ၄ ရက်နေ့က လိုက်ခွာနေတယ်  လို့ ကော့ကရိတ်မြို့ခံများနဲ့ ကုန်သည်အချို့က ပြောပြချက်အရ ကြားသိရပါတယ်။
ကပ်လိုက် ခွာလိုက် အခြေအနေကို မျက်မြင်တွေ့ရှိခဲ့တဲ့ ကုန်သည်တဦး ပြောပြတာကတော့ …
“ဟုတ်ကဲ့ ဟိုနေ့က တဖွဲ့က လိုက်ကပ်နေပြီး ခုတော့ နောက်တဖွဲ့က  လိုက်ခွာသိမ်းနေတာလဲ တွေ့တယ်။ စာကပ်တဲ့ အ ဖွဲ့က စကခ ၁၂ က လုပ်သွားတာ  လိုက်ခွာပြီး ပြန်သိမ်းနေတာက ခဝတ အဖွဲ့က လိုက်သိမ်းနေ တာ။ ခုလောလော လတ်လတ်  ကြုံနေရတာတော့ဗျာ စစ်တပ်ဘက်က တပ်ရင်း ၅၄၇ နဲ့ ၃၂၀ တပ်တွေက ကားလမ်းမှာ  ဝါးလုံးပိတ်တားပြီး လာသမျှကို ငွေတောင်းနေတာတော့ အမြဲကြုံနေရတယ်” လို့  ကုန်သည်တဦးက ပြောပြပါတယ်။
၁၅ နှစ်ကျော်ကြာ နအဖနဲ့ အပစ်အခတ်ရပ်ထားရာက မြန်မာနိုင်ငံရဲ့ ၂၀၁၀  ရွေးကောက်ပွဲလုပ်တဲ့နေမှာပဲ နအဖ နဲ့ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့  ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကစလို့  ဒီကေ ဘီအေ ဗိုလ်နှုတ်ခမ်းမွှေးကို နအဖ ဘက်က ထိုင်းနိုင်ငံဘက်မှာ ဆုငွေထုတ်  ဖမ်းခိုင်းတာတွေ၊ ထိုင်းဘက်က သူ့ကို မ ဖမ်းပေးရင် မဲဆောက် မြဝတီ  ကုန်သွယ်ရေးဂိတ် ပြန်မဖွင့်ပေးဘူးဆိုတဲ့ သတင်းတွေလည် မကြာမကြာ ထွက်ပေါ်လျက်  ရှိပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment