http://www.ninedeblood.blogspot.com/
မွေထိုင်းလက်ဝှေ့ကို မလေးရှားနိုင်ငံမှာ ပထမဆုံးအကြိမ်(၂၀၁၀) စတင်ကျင်းပတဲ့
အချိန်ကစပြီး ပါဝင်ယှာ်ပြိုင်ကြတဲ့ ကရင့်လက်ဝှေ့အကျော်အမော်များအနက် ပရိတ်သတ်များ
အကြိုက်တွေ့ခဲ့သော နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲတောင်းခံရသော စောမင်္ဂလာဟာ
၂၀-၀၂-၂၀၁၁၊ ညနေ (၈း၁၅)မိနစ်အချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးပုံမှာ စောမင်္ဂလာဟာ မိမိအလုပ်လုပ်သောစက်ရုံမှာ လုပ်ဖေါ်ကိုင်ဘက် ညီအစ်ကို
နှစ်ယောက်နဲ့ ခိုက်ရန်ဖြစ်ပွားပြီး ဓါးနဲ့ခုတ်သတ်ခံရသောကြောင့် ထိုနေရာမှာပင် ပွဲချင်းပြီး
သေဆုံးသွားခဲ့ပါတယ်။ လူသတ်သမားညီအစ်ကိုနှစ်ယောက်ဟာ ထွက်ပြေးတိမ်းရှောင်နေ
ကြောင်းလည်းသိရပါတယ်။
စောမင်္ဂလာ(၂၆)နှစ်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တာရွာမှဖြစ်ပြီး
သူ့ညီလေးလည်း မလေးရှားမှာ အလုပ်လုပ်နေပါတယ်။
သတ်သွားသူနှစ်ဦးကိုလည်း ညီဖြစ်သူက ကောင်းကောင်းသိနေတယ်လို့ပြောပါတယ်။
ရဲနဲ့ဆိုင်တဲ့ အမှုကိစ္စမပြီးပြတ်သေးတဲ့အတွက် ဆေးရုံမှာရှိနေတဲ့ အလောင်းကို
ဘယ်နေ့အသုဘချမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။
ကရင့်လက်ဝှေ့ကျော်တစ်ဦးဆုံးရှုံးသွားတဲ့အတွက်လည်း အားလုံးက ယူကျူံးမရ
ဖြစ်ခဲ့ရပြီး အထူးဝမ်းနည်းကြေကွဲနေကြပါတယ်။









စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment