http://www.naytthit.net
လမ်းတခြမ်းခင်း အောင်သိန်းလင်း လို့ နာမည်ကြီးလှတဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ကို မြို့ဝန်ရာထူး ပြန်ပြီး မခန့်တဲ့အတွက် အောင်သိန်းလင်း ဟာ ဗခ သန်းရွှေကို မကျေမနပ်ဖြစ်နေတယ်။
ရွေးကောက်ပွဲတုန်းက ကုန်ကျထားတာတွေ ရွေးကောက်ပွဲနိုင်ပြီးမှာ ပြန်ရှာဖို့ အားခဲထားပေမဲ့ အောင်သိန်းလင်း ကို သန်းရွှေ က သာမန်လွတ်တော်အမတ် ဘ၀နဲ့ပဲ ချောင်ထိုးထားလိုက်တဲ့အတွက် အောင်သိန်းလင်း က စားခွက် ပျောက်နေပါတယ်။ ရွေးကောက်ပွဲမှာ သူက ကြံ့ဖွတ်ဖက်ကနိုင်အောင် ရန် ကုန်တိုင်းက အတက်ကြွဆုံး လုပ်ပေးခဲ့ရတယ်။
ဒီလောက်လုပ်ပေးခဲ့ရတဲ့သူကို သန်းရွှေ က ချောင်ထိုးထားတဲ့အတွက် သူက ခံစားချက် ဖြစ်နေပါတယ်။ သူခံစားချက်က ပြင်းထန်ပါတယ်။ ငွေတွေ သောက်သောက်လဲကုန်ထားတယ်လို့ သိရတယ်။ အောင်သိန်းလင်း မိန်းမ ဒေါက်တာ ခင်စန်းနွယ် က ခုဆိုရင် ဒေါ်ကြိုင်ကြိုင် ဆန်ကျင်ရေးကို တက် တက်ကြွကြွ လုပ်ဆောင်နေတယ်လို့ သိရတယ်။
သူတို့လည်းစားတာပဲ၊ ဒို့ လည်းစားရမှာပဲလို့ ဆိုတယ်။ စီးပွားရေးသမားတွေ က သူ့ကိုလာဘ်ထိုးဖို့ဆိုရင် သူ့မိန်းမ ဒေါက်တာ ခင်စန်းနွယ် က တဆင့် ၀င် ရတယ်။ သူမိန်းမဟာလည်း အလွန်စားတဲ့သူ ဖြစ်တယ်။
သန်းရွှေက ရန်ကုန်မြို့တော်ဝန်အသစ်ကို ဗမ လှမြင့် ကို ခန့်လိုက်တယ်။ အခု ဗမ လှမြင့် က အောင်သိန်းးလင်း ကို အိမ်ပေါ်ကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့အခါမှာ အောင်သိန်းလင်းဟာ ဒေါသူပုန်ထနေတယ်လို့ သိရ တယ်။ အိမ်ပေါ်ကနေ ဆင်းပေးရမယ့်အခြေအနေ ဖြစ်နေတယ်။ အိမ်က ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ့မှာ ရှိပါတယ်။
မောင်သိန်းနိုင် (နေပြည်တော်)








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment