ယခုအခြေအနေတွင် မြန်မာစစ်အစိုးရတပ်မှ KIA နယ်မြေထဲဝင်ရောက်လျှင် ပစ်ခတ်ရန်အသင့်ညွှန်ကြား ထားပြီး နှစ်ဖက်ကြား အချိန်မရွေး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပျက်နိုင်သည်ဟု တရုတ်နယ်စပ် KIA ဌာနချုပ်မှ အရာရှိတစ်ဦးပြောသည်။

ဗန်းမော်ခရိုင် ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင် (KIA) စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌါန
ဗန်းမော်ခရိုင် ရှေ့တန်းတနေရာတွင် တွေ့ရသော ကချင် (KIA) စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌါန
KIA တပ်ရင်း ၃ ခုအနီး (KIA တပ်မဟာ ၃ လက်အောက် ဗန်းမော်ခရိုင် မံဝိန်းမြို့နယ်ရှိ တပ်ရင်း ၂၇၊ KIA တပ်မဟာ ၂ လက်အောက် ဆင်ဘိုမြို့နယ်မှ တပ်ရင်း ၅ နှင့် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ်ထဲမှ တပ်ရင်း ၁၄) မြန်မာစစ်အစိုးရတပ်၏ သာမန်မဟုတ်သော စစ်ရေးလှုပ်ရှားမှု စတင်နေကြောင်း KIA အရာရှိတစ်ဦး ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ပြောသည်။
ယခုသတင်းပတ် အစောပိုင်း ဆင်ဘိုနယ်မြေခံ မြန်မာစစ်တပ် ခလရ (၁၄၁) နှင့် KIA တပ်ရင်း ၅ ကြား တိုက်ပွဲ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်ဟု ယင်းတပ်ရင်း (၅) နှင့် နီးစပ်သူများပြောသည်။
ဖေဖော်ဝါရီ ၇ရက်တွင် KIA နယ်မြေထဲ နယ်ကျော်ဝင်ရောက်လာသည့် မိုးညှင်းနယ်မြေခံ မြန်မာစစ်တပ် ခလရ (၁၅) နှင့် KIA တပ်ရင်း ၂၇ ကြား မံဝိန်းမြို့နယ် ပုံးလိန်-ဒိန်ခရူကျေးရွာအနီး ၁ နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
၎င်းပစ်ခတ်မှု၌ မြန်မာစစ်တပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံးပြီး KIA ဘက်မှ အရပ်သားကာကွယ်ရေး တပ်သားတစ်ဦး တိုက်ပွဲဖြစ်ပွားပြီးနောက် မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားသည်။
မြန်မာစစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အရ ယခုလို KIA နယ်မြေအနီး မြန်မာစစ်တပ် စစ်ကြောင်းများ ထူးထူးခြားခြားလှုပ်ရှားမှုပြုလုပ်လာခြင်းဖြစ်ကြောင်း KIA လိုင်ဇာဌာနချုပ်မှအရာရှိများ ပြောသည်။
KIO/KIA က ကချင်ပြည်နယ်အရှေ့ဘက် ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲမှ မြန်မာစစ်တပ်၏ ဘိန်းခင်းများ ဖျက်ဆီးပစ်သည်ကို တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ကြောင်း KIO မူးယစ်တိုက်ဖျက်ရေး ဗဟိုကော်မတီ ပြောရေးဆိုခွင့်ရှိသူအရာရှိ နော်ဘူ ပြောသည်။
ယမန်နှစ် သြဂုတ်လ စစ်အစိုးရက လက်နက်ချရန် ရာဇသံပေးခြင်းကို KIO ငြင်းဆန်ပြီးနောက်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာမှု တိုးလာပါသည်။ စစ်အစိုးရက KIA အား“သောင်းကျန်းသူ” ဟု အောက်တိုဘာလတွင် အတိအလင်း ဖော်ပြခဲ့သည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment