WFWW ၊ နေ့သစ်၊ ၂၁ ဖေဖော်ဝါရီလ ၂၀၁၁
လစ်ဗျားအာဏာရှင် အဆုံးသတ်ရေး လူထုဆန္ဒပြပွဲမှာ လူဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဆန္ဒပြသူများက စစ်အခြေ စိုက် တခုကို သိမ်းပိုက်ခဲ့ကာ လက်နက်များ၊ တင့်ကားများ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။ လစ်ဗျားအာဏာရှင် ကဒါ ဗီ ရဲ့သားက အစိုးရရုပ်မြင်သံကြားကနေ သူ့အဖေဟာ တိုင်ပြည်မှာပဲ ဆက်လက်ရှိနေသေးကြောင်း၊ အာဏာကို ဆက် လက်ထိမ်းချုပ်နိုင်ဖို့ နောက်ဆုံး သေတဲ့အထိ တောင့်ခံသွားမည်ဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်။
လစ်ဗျားအာဏာရှင် အဆုံးသတ်ရေး လူထုဆန္ဒပြပွဲမှာ လူဦးရေ ၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ ဆန္ဒပြသူများက စစ်အခြေ စိုက် တခုကို သိမ်းပိုက်ခဲ့ကာ လက်နက်များ၊ တင့်ကားများ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။ လစ်ဗျားအာဏာရှင် ကဒါ ဗီ ရဲ့သားက အစိုးရရုပ်မြင်သံကြားကနေ သူ့အဖေဟာ တိုင်ပြည်မှာပဲ ဆက်လက်ရှိနေသေးကြောင်း၊ အာဏာကို ဆက် လက်ထိမ်းချုပ်နိုင်ဖို့ နောက်ဆုံး သေတဲ့အထိ တောင့်ခံသွားမည်ဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်။
တိုင်းပြည်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်လို့လည်း သတိပေး ပြောကြားသွား တယ်။ အာဏာရှင်ရဲ့ သားကတော့ တိုင်းပြည်ကြီးပြိုကွဲမှာမို့၊ သူတို့အနေနဲ့ အာဏာကို ဆက်လက်ထိမ်းချုပ်ရမှာ ဖြစ် ကြောင်း ပြောကြားသွားသလို၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပေးဖို့လည်း ဂတိပြု ထုတ်ဖော်ပြောကြားသွားပါ တယ်။
ဆန္ဒပြသူတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ရာမှာတော့ လစ်ဗျားစစ်တပ်ဟာ လူထုအုံကြွမှုကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ထားတာမျိုး မပြင်ဆင်ထားခဲ့တဲ့အတွက် ပစ်ခတ်မိပါတယ်လို့ အာဏာရှင် ကဒါဗီ ရဲ့ သားက တိုင်းပြည်ကို မိန့် ခွန်းပြောကြားခဲ့ရာမှာ ၀န်ခံသွားခဲ့ပါတယ်။
လစ်ဗျားဟာ အခု ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ယူထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လစ် ဗျားနိုင်ငံမှာ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ လစ်ဗျားကိုယ်စားလှယ် Abdel Moniem el- Honey က ဒီနေ့ နှုတ်ထွက်လိုက်ပါတယ်။ သူက ဘာကြောင့် နှုတ်ထွက်လဲ ဆိုတာကို မေးမြန်းရာမှာတော့ အခုလို ပြောဆိုသွားပါတယ်။ “El-Honey expressed his refusal to kill unarmed protestors, saying” as a Libyan citizen, I condemn all these crimes which are close to the genocide acts.”
လစ်ဗျားမှာ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ ရက်အနည်းငယ်အတွင်းမြင်တွေ့ လာကြရတော့မှာပါ။ မျက်မြင်တဦးက တော့ မြို့တော်လမ်းမတွေမှာ လူသေအလောင်းတွေပြည့်နေပြီး၊ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ နိုင်ငံခြားသတင်းဌာနတွေကို ပြောပြသွားပါသည်။ မြို့တော်ထရီပိုလီမှာ အာဏာရှင် ကဒါဗီကို ဆန့်ကျင်သူနဲ့ ထောက်ခံ သူကြား အဓိကရုဏ်းတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။
လစ်ဗျား အာဏာရှင် အဆုံးသတ်ရေး လူထုဆန္ဒပြပွဲဟာ မြို့ကြီးများဆီသို့ ဆက်လက်ကူးစက်နေပြီး၊ သေဆုံးမှုများစွာ ရှိ ခဲ့ကြောင်း ကြားသိရပါသည်။ အနှစ် ၄၀ ကျော် လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတကာမှာ အကြမ်းဖက်မှုကို အား ပေးခဲ့တဲ့ အာဏာရှင် ကဒါဗီ ကို ဆန့်ကျင်တဲ့ဆန္ဒပြမှုများ နိုင်ငံတကာမြို့ကြီးများမှာလည်း ကျင်းပနေကြပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment