ကမ္ဗောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ ၀န်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝ ငြင်းဆိုပါတယ်။ နယ်စပ်ပြဿနာ ဖြေရှင်းရေးဟာ အသေအချာစေ့စပ်ဆွေးနွေးပြီးမှသာ ဖြစ်နိုင်မယ်။ ဆိုတာကို သူ့အစိုးရအနေနဲ့ ယုံကြည်ပါကြောင်း မ နေ့က အပတ်စဉ်အသံလွင့်အစီအစဉ်မှာ ၀န်ကြီးချုပ်က ထပ်ပြောလိုက်ပါတယ်။
နယ်စပ်အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းတွေရှာဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မနက်ဖန် ဂျကာတာမှာ တွေ့ကြ ပါမယ်။ ဒါပေမဲ့ ထိုင်းနဲ့က မ္ဗောဒီးယားတွေ့ဆုံဆွေးနွေးရေး အဆင်ပြေစေဖို့ ဒေသတွင်းအဖွဲ့က အကျိုးဆောင်အနေနဲ့၊ မျက်မြင်သက်သေအနေနဲ့သာ လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့ အဖိဆစ်က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ် ရေးဝန်ကြီး အမျိုးသယံဇာတ၀န်ကြီးတွေပါတဲ့ သူနဲ့သူ့ကက်ဘိနက်ဝင်တွေက ကမ္ဘာ့အသိုင်းအ၀ိုင်းကို နယ်စပ်အခြေအ နေတွေ ရှင်းပြဖို့ တာဝန်ရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ အခြေအနေတွေကို ကောင်းကောင်းနားလည်နိုင်မှာ ဖြစ်တယ်။
ပရား ၀ိဟန်ဘုရားကျောင်းကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် စာရင်သွင်းလိုက်တာကနေ ပေါ်လာတဲ့ပြဿနာနဲ့ ပတ်သက်ပြီး ယူနက်စ်ကို ညွှန်ချုပ်အီရီနဘော့ကိုဗာကို တယ်လီဖုန်းကနေ အဖိဆစ်က ပြောထားပါတယ်။ ဒီပြဿနာ ဖြေရှင်းပြီးတဲ့အထိ ယူနက်စ်ကိုအနေနဲ့ ဒီနေရာပတ်ဝန်းကျင်ကို စာရင်းသွင်းတာ ရပ်ထားသင့်တယ်လို့ သူက ပြောပါ တယ်။
ထာဝရအပစ်ရပ်ဖို့ဆိုတဲ့ အဆိုပြုချက်က မလိုပါဘူး လို့ မနေ့က နိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရွမ်က ပြောပါတယ်။ နယ် စပ်ငြိမ်းချမ်းရေးကို ရှိပြီးသား နှစ်ဖက်ပါနေတဲ့ ယန္တရားကတဆင့် ဖြေရှင်းနိုင်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ်က မနေ့က ပြောပါတယ်။ ဒီမှာ ထိုင်း-ကမ္ဗောဒီးယားပူးတွဲနယ်သတ်မျဉ်းကော်မတီ၊ ထိုင်း-ကမ္ဗောဒီးယား အထွေထွေ နယ် ခြားကော်မတီနဲ့ ထိုင်း-ကမ္ဗောဒီးယားဒေသဆိုင်ရာနယ်ခြားကော်မတီ တို့ ပါဝင်ပါတယ်။
ဒီနှစ်လည်မှာ အထွေထွေနယ်စပ်ကော်မတီအစည်းအဝေးကို ကမ္ဗောဒီးယားမှာ လုပ်ဖို့ ဗိုလ်ချုပ်ကြီး ပရာဝစ်အနေနဲ့ က မ္ဗောဒီးယားဗိုလ်ချုပ်ကြီးတိဘန်းဆီကို စာတစောင်ပေးပို့မှာဖြစ်ပါတယ်။ လို့ ကဆစ်က ပြောပါတယ်။ အထွေထွေနယ် စပ်ကော်မတီက နယ်စပ်လုံခြုံရေး အစီအစဉ်၊ အထူးသဖြင့် အပစ်အခတ်ရပ်ရေးကို ဆွေးနွေးမှာဖြစ်ပြီး ပူးတွဲကော် မတီ ကတော့ နယ်စပ်မျဉ်းရေးဆွဲသတ်မှတ်ရေးကို အလေးထား ဆွေးနွေးမှာဖြစ်ပါတယ်လို့ ကဆစ်က ပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment