20 February 2011

အာရပ် အာဏာရှင် အဆုံးသတ်ရေး လှိုင်း တရုတ်နိုင်ငံ သို့ ရိုတ်ခတ်နေ

http://komoethee.blogspot.com/

လူစုဝေးမှုကို တားဆီနေတဲ့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်
ဓာတ်ပုံ- နယူးယောက်တိုင်းမ်စ်

-WFWW-

တရုတ် နိုင်ငံအတွင်း ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊ နှင့် လွတ်လပ်မှု လိုလားကြသည့် တရုတ် လူငယ်များက တရုတ်နိုင်ငံ အ၀န်းမှာ ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ ဘေ့စ်ဘုတ်ကနေ တိုက်တွန်းနိုးဆော် ထားကြတယ်။ တရုတ်အစိုးရက ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့ကြီး ၁၁ မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ နှိုးဆော်တာတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် မသိရှိ ရအောင် အင်တာနက် ကနေ ပိတ်ထားလိုက်ကြတယ်။ အင်တာနက်လိုင်း ဆက်သွယ်မှုတွေ နှေးကွေးအောင်ပြုလုပ်ခဲ့ပြီး၊ အာရပ်နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ အာဏာရှင်အဆုံးသတ်ရေးလူထုလှုပ်ရှားမှုသတင်းတွေကို ဖတ်လို့မရအောင် ပိတ်ထားခဲ့တယ်။ ဘေဂျင်းမြို့ လူစည်ကားရာ မက်ဒေါ်နား စားသောက်ဆိုင်များ၊ ဘေဂျင်းတက္ကသိုလ်ဝန်း အတွင်း နှင့် ရှန်ဟိုင်းမြို့တော် စတားဘတ် ကော်ဖီဆိုင် အနီးတ၀ိုက် မှာတော့ လူတွေစုဝေး ခဲ့မှုများကို အာဏာပိုင်များက ဟန်တား ခဲ့ကြတယ်လို့ သိရတယ်။

တရုတ်အစိုးရကတော့ ဆန္ဒပြမှုတွေ မဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့များကို နေရာ အနှံ့အပြားချထားပြီး၊ အနီးကပ်စောင့်ကြည့် နေကြတယ်။ တရုတ်အစိုးရ က အင်တာနက် အသုံးပြုခဲ့ကြတဲ့ တရုတ်လူငယ် ၁၀၀ ကျော် ကို မနေ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

တရုတ်သမ္မတ ဟူချင်းတောင်က တရုတ်ထိပ်တန်းခေါင်းဆောင်များကို စနေ့မှာ အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး၊ တိုင်းပြည်အတွင်း မငြိမ်မသက်မှု ဖြစ်လာနိုင်စေတဲ့ လူမှုရေးပြဿနာများ ကို အမြန်ဆုံး ဖြေရှင်းကြဖို့ ပြောဆိုခဲ့တယ်။

တရုတ်နိုင်ငံ တ၀ှန်း မှာ ဆန္ဒပြဖို့ တိုက်တွန်းထားသူတွေကတော့ တရုတ်ပြည်သူတွေ အစားအစာလိုတယ်၊ အလုပ်အကိုင် လိုတယ်၊ နေထိုင်ဖို့ အိမ်ရာလိုတယ်၊ တရားမျှတမှုလိုတယ်လို့ အင်တာနက်စာမျက်နှာများမှာ “We want food, we want work, we want housing, we want fairness,” ခုလို ရေးသားထားကြတယ်။

တရုတ်နိုင်ငံမှာ အစိုးရ ကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှု ဖြစ်ဖို့ရန် မလွယ်ကူသော်လည်း၊ တရုတ်အစိုးရ ဆန့်ကျင်သည့် လှုပ်ရှားသူတွေ ကတော့ ဒီလှုပ်ရှားမှုဟာ ခြေလှမ်းကောင်းတရပ်ဖြစ်တယ် လို့ သုံးသပ်ထားကြတယ်။ အာရပ် အာဏာရှင် အဆုံးသတ်ရေး လှိုင်း တရုတ်နိုင်ငံ သို့ ရိုက်က်ခတ်လာဖို့ တရုတ်လူငယ်များအားလုံး စုဝေးကြဖို့ အင်တာနက်စာမျက်နှာများမှာ ဆက်လက် တိုက်တွန်း နိုးဆော်နေကြကြောင်း ကြားသိရပါသည်။


အလုပ်ရှာဖွေနေကြတဲ့ တရုတ်ဘွဲ့ရ ကျောင်းသားများ အလုပ်လက်မဲ့ပြဿနာ

0 kommentarer:

Post a Comment