နေ့သစ်၊
ဒီကေဘီအေ အနေနဲ့ နအဖရဲ့ စီးပွားရေးအသက်သွေးကြောတခုဖြစ်တဲ့ မြဝတီကုန်သည်လမ်း သွားလာခွင့်ကို တားမြစ် ပိတ်ပင်လိုက်ပြီး ဒီကားလမ်းပေါ်မှာ စစ်ဆင်ရေးတွေပိုမိုလုပ်လာတော့မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုကို ထိခိုက်မှုမရှိ စေရန်ဖို့ ဒီကေဘီအေဘက်က ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ခုဆိုရင် မြဝတီကုန်သည်ကားလမ်းပေါ်က နအဖ တပ်စခန်းနေရာတွေကို ဒီကေဘီအေဘက် ဝင်ရောက်တိုက်ခိုက်မှုတွေ ဟာ ဒီရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။
ဒီကနေ့ မနက် မြဝတီနဲ့ ကောကရိတ်ကြားက နေရာနှစ်ခုမှ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ နေရာတွေ ကတော့ ဗျူဟာဂိတ်လို့ ခေါ်တဲ့ ခမရ ၃၅၆ နဲ့ အုပ်ဖို လို့ခေါ်တဲ့ ခမရ ၃၅၅ နေရာနှစ်ခုပဲ ဖြစ်ပါတယ်။ ဒီကေဘီအေဘက် က ဒီကနေ့ မနက် ၃ နာရီခွဲလောက်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ထိခိုက်မှုကိုတော့ အသေးစိပ် မသိရှိရသေးပါဘူး။
တိုက်ပွဲတွေ နေ့စဉ်ဆက်တိုက်ဆိုသလို ဖြစ်နေတာရယ်။ ဒီကေဘီအေဘက်က ကားလမ်းကို ပိတ်ပင်တားမြစ်ထားတဲ့ အ တွက်ရယ်ကြောင့် မြဝတီနဲ့ ကော့ကရိတ်မြို့တွေထဲမှာ သွားလာမယ့်ကားတွေ သောင်တင်နေတာတွေ၊ မြဝတီ သင်္ဃန်းညီ နောင် နဲ့ ကော့ကရိတ်က နအဖ တပ်စခန်းနေရာတွေကို ဘယ်နေ့ ဘယ်အချိန် ဝင်ပစ်မယ်ဆိုတဲ့ ကောလဟာလသတင်း တွေ အချိန်ပြည့် ဖြစ်ပေါ်နေတယ်ဆိုတာတွေကို မြဝတီမြို့ခံတွေက ပြောပြလို့ သိရှိရပါတယ်။
တဆက်တည်းဆိုသလို့ပဲ ဒီကနေ့ ဝေါ်လေဂွင်က ထီးတလယ်နေရာမှာ ဒီအေဘီအေတပ်တွေက နအဖ တပ်တွေကို ဝင် ရောက်တိုက်ခိုက်တယ်လို့ သိရှိရပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment