http://ehkhaungthaunt.blogspot.com/

နအဖ တပ်တွေဟာ ကေအန်ယူ တပ်မဟာ (၇) ဌာနချုပ်  နယ်မြေကို ထိုးစစ် ဆင်နိုင်ဖို့အတွက်  နယ်ခြားစောင့်တပ် ပြောင်းလဲ ထားတဲ့  DKBA ခွဲထွက် ကရင်တပ်တွေကို ရှေ့တန်းက  ထိုးဖောက်ဖို့ ညွှန်ကြားတဲ့  အမိန့်ကို နယ်ခြား စောင့် တပ်ရင်းတွေက ငြင်းဆန်လျှက် ရှိနေတယ်လို့ သတင်း  ရရှိပါတယ်။
ဗိုလ်မှူး စောလိုက်သိန့် 
အမိန့်ကို  မနာခံကြတဲ့ တပ်ရင်းတွေ ကတော့ ဗိုလ်မှူး စောမောင်ဝင်း ခေါင်းဆောင်တဲ့ BGF  နယ်ခြားစောင့် တပ်အမှတ် ၁၀၁၈ နဲ့ ဗိုလ်မှူး စောလိုက်သိန့် ခေါင်းဆောင်တဲ့  နယ်ခြားစောင့် တပ်အမှတ် ၁၀၁၇ တို့ ဖြစ်ပါတယ်။
အမိန့်ပေး စေခိုင်းတဲ့ နအဖတပ် ကတော့ နအဖ စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ) ၁၉မှ ဖြစ်တယ် လို့လည်း သိရပါတယ်။အဆိုပါ တပ်ရင်းမှူး နှစ်ဦးဟာ ယခင်  ဒီကေဘီအေ တပ်မဟာ ၉၉၉ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူရဲ့ အမာခံလူတွေ  ဖြစ်ကြပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ တက်တက်ကြွကြွ  ရှိခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
ယခင် ဗိုလ်မှူးကြီး စောချစ်သူ ၉၉၉ အထူး  တပ်ရင်းမှူး ဖြစ်တဲ့အချိန် ဗိုလ်မှူး မောင်ဝင်းဟာ ဒုတပ်ရင်းမှူး  ဖြစ်ခဲ့ပြီး စောချစ်သူ ဗျူဟာမှူး ဖြစ်လာတဲ့ အချိန်မှာတော့ အထူး တပ်ရင်းမှူး  ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ဗိုလ်မှူး စောမောင်ဝင်း
ဗိုလ်မှူး စောမောင်ဝင်း
ဗိုလ်မှူး လိုက်သိန့်မှာမူ ယခင်  လုပ်ကြံမှုကြောင့် သေဆုံးသွားသူ ဗိုလ်ဆန်ပြုတ်ရဲ့ ၉၉၉ဗျူဟာ တပ်ရင်း ၇မှ  ဖြစ်ပြီး ဗိုလ်ဆန်ပြုတ်သေဆုံးပြီးတဲ့ နောက်ပိုင်း တပ်ရင်းမှူး ဖြစ်လာခဲ့သူ  ဖြစ်ပါတယ်။
အဆိုပါ တပ်ရင်းမှူးတွေအပြင် အခြား  နယ်ခြားစောင့်တပ်ရင်းမှူး အချို့လည်း နအဖရဲ့ ငါးကြင်းဆီနဲ့  ငါးကြင်းပြန်ကြော်မယ့် ကရင်အချင်းချင်း ပြန်လည်တိုက်ခိုက်စေမှုကို  မလိုလားကြပါဘူး။
ဒါ့အပြင် နယ်ခြားစောင့် ပြောင်းလဲအပြီး  နယ်ခြားစောင့် တပ်ဖွဲ့ဝင်အများအပြား ကေအဲန်ယူထံ ထွက်ပြေးမှု များလာသဖြင့်  နယ်ခြားစောင့် တပ်ဖွဲ့မှူးတွေ ကိုယ်တိုင် နအဖရဲ့ အစီအစဉ်ကို လက်ခံခဲ့သော်  တပ်ဖွဲ့ဝင်တွေ ပိုထွက်ပြေးလာနိုင်ပြီး ထိမ်းရသိမ်းရ ပိုခက်ခဲလာနိုင်တယ်လို့  နယ်စပ်စစ်ရေး သုံးသပ်သူများက ပြောဆိုကြပါတယ်။ 
အဲခေါင်သောင့်
အဲခေါင်သောင့်






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment