ဆုံဆည်းရာ၊ ၁၀ ရက် ဖေဖော်ဝါရီလ ၂၀၁၁
သတင်း
ည (၇ နာရီ) ယမန်နေ့ ညပိုင်းနှင့် ယနေ့ မနက်ပိုင်း ၉ နာရီခန့်အထိ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သည့်အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ကော်ထူး ဦးဆောင်သည့် တပ်ဖွဲ့များ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နအဖ ဘက်က ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ည (၆ နာရီ ၄၀) အင်းစိန်အကျဉ်းထောင်နဲ့ ပခုက္ကူအကျဉ်းထောင်တို့မှ အကျဉ်းသား ၆၀၀ ကျော်ခန့်ကို ယမန့်က ခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။ စစ်မြေပြင် ပေါ်တာအဖြစ် ခေါ်ဆောင်သွားတာဖြစ်နိုင်ကြောင်း မျက်မြင်သက်သေတချို့က သုံးသပ်ပြောဆိုပါတယ်။
ည (၆ နာရီ ၃၀ မိနစ်) ယမန်နေ့ မနက်ပိုင်း ၆ နာရီ ကျော်အချိန်က ကျိုက်ဒုံမြို့နယ် မိနန်းအကျေးရွာမှာ ဘုရားငုတ်တိုတွင် ဒီကေဘီအေ ဗိုလ်ဗိုလ်ချန် ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ နအဖ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်ကို ဒီကေဘီအေ အဖွဲ့ ပြောက်ကြားဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ နအဖ ဘက် ထိခိုက်ဒဏ်ရာမှု အနည်းငယ်ရှိတယ်လို့ သိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment