http://www.naytthit.net/?p=7527

ယမန်နေ့ည ၁၂ နာရီလောက်က ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးက တောင်သုံးလုံး နအဖ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်သုံးလုံးနေရာ မှာ နအဖ တပ်ရင်း ခလရ ၃၂၀ နဲ့ နယ်ခြားစောင့်တပ် ၉၀၇ တပ်ရင်းတွေ ရှိပါတယ်။
တိုက်ပွဲက ပစ်ခတ်သံတွေကို ကြားနေရတဲ့ မြဝတီမြို့ခံတဦး ပြောပြတာက…
“ညကတည်းဖြစ်နေတာ ပစ်သံခတ်သံတွေကတော့ ခု နေ့လည် ၁ နာရီထိုးနေပြီး ကြားနေရတုန်းပဲ” လို့ ပြောပြပါတယ်။
တိုက်ပွဲ အခြေအနေကို ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် ကို မေးကြည့်ရာမှာ…
“ဟုတ်တယ် ကျနော်တို့ဘက်က ကော့ကရိတ်အဝင် တောင်သုံးလုံးစခန်းကို မနေ့ညက ဝင်တိုက်တယ်။ တိုက်ပွဲအခြေအနေ အသေစိတ်ကိုတော့ အတိအကျ မသိရသေးဘူး။ အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ ကျနော်တို့နဲ့ ဝေါ်လေတို့ ချောင့်ခက်တို့မှာ လာပြီး ရင်ဆိုင်တိုက်ပွဲလုပ်နေကြတဲ့ နအဖတပ်တွေရဲ့ နောက်ကျောဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ ဝေါ်လေတို့ ချောင့်ခက်တို့မှာပဲ ရှိတာမဟုတ်ဘူး နေရာအနှံ့ရှိပြီး ရန်သူကို အချိန်အရွေး ထိုးနှက်တိုက်ခိုက်လို့ ရတယ်ဆိုတာ ဒီလို တိုက်ပွဲမျိုးတွေနဲ့ သက်သေပြလိုက်တာဖြစ်တယ်” လို့ ရှင်းပြပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြဝတီ ဘားအံကားလမ်း ခရီးသွားလာမှုတွေ ရပ်နားထားရပြီး ဘားအံဆင်းမယ့်ကားတွေကို အလယ်ဘိုတဲနေရာမှာ ရပ်ခိုင်းထားတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပြပါတယ်။
တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းနေတုန်းဖြစ်ပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment