http://www.niknayman-niknayman.co.cc
ယနေ့  နအဖတို့ ရဲ့  လွှတ်တော်ပွဲထဲမှာ ကြိုတင်စီစဉ်ထားပြီးဖြစ်တဲ့အတိုင်း အများပြည်သူအပေါ်မှာ ပေါ်ပေါ်တင်တင်ဘဲ ဗြောင်ကျကျဘဲ နအဖလူ နအဖရွေးပြီး နအဖလူဘဲ ဒုတိယသမတတွေ ရွေးချယ်ကြောင်း သိရှိရပါတယ်။
လက်နက်အားကိုးနဲ့  ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ပြီး ရဟန်းရှင်လူပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ကြတဲ့ လူသတ်သမား နအဖတွေအတွက် တရားဝင်အစိုးရအဖြစ် ဖန်တီးဖို့  အင်မတန်လိုအပ်နေတဲ့အတွက် လိမ်ညာမှုပေါင်းမြောက်မြားစွာနဲ့  အကွက်ချစီစဉ်လာတဲ့ အဆင့်ဆင့်ရဲ့  နောက်ဆုံးအဆင့်ဖြစ်တဲ့ လွှတ်တော်ပွဲကြီးမှာ ငါ့ကို မင်းရွေး မင်းကို ငါရွေးနဲ့  လုပ်ကြတာ ဒီနေ့ တော့ ဒုတိယ သမတနေရာတွေအတွက် အမည်စာရင်းတွေကို ကြိုတင်ဖန်တီးထားပြီးတဲ့အတိုင်း အောက်လွှတ်တော်ကနေ နအဖ သိန်းစိန်၊ အထက်လွှတ်တော်ကနေ ဒေါက်တာစိုင်းမောက်ခမ်းနဲ့  ဒေါက်တာအေးမောင်၊ နအဖ တပ်မတော်သား အစုအဖွဲ့ကနေ တင်အောင်မြင့်ဦးတို့ကို အမည်စာရင်း တင်သွင်းကြပါသတဲ့။
နောက်ဆုံးမှာတော့ နအဖ သိန်းစိန်ရယ်၊ နအဖ တင်အောင်မြင့်ဦးရယ်၊ နအဖအလိုတော်ရိ ကြံ့ ဖွတ် ဒေါက်တာ စိုင်းမောက်ခမ်းတို့ က ဒုတိယ သမတတွေဖြစ်ကြကြောင်း သတင်းကြားသိရပါတယ်။
ဒုတိယ သမတတွေထဲက ဒေါက်တာစိုင်းမောက်ခမ်းဟာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၃)၊ လားရှိုးခရိုင်က ဖြစ်ပြီး နအဖအလိုတော်ရိ ကြံ့ ဖွတ်အကြီးစားဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားပြည်သူတွေအပေါ်မှာ သစ္စာဖောက်တဲ့ သစ္စာဖောက်ဖြစ်ပါတယ်။ နအဖအလိုတော်ရိပီပီ ကြိုတင်မဲ (၂) သောင်းကျော်နဲ့  အခြားသော ရှမ်းတိုင်းရင်းသား အမတ်ကိုယ်စားလှယ်များအပေါ် လိမ်လည်အနိုင်ရယူခဲ့သူ ဖြစ်ပါတယ်။ မဲလိမ်လည်ဆွယ်တဲ့နေရာမှာလည်း ဆေးအခမဲ့  ကုသပေးမယ်ဆိုပြီး လူထုကျန်းမာရေးကို ခုတုံလုပ်ဘန်းပြပြီး မဲလိမ်ဆွယ်ခဲ့သူ ဖြစ်ပါတယ်။ ထို့ အပြင် နအဖအလိုတော်ရိဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားဝတ်စုံကနေ ကြံ့ ဖွတ်ယူနီဖောင်းကြီးကို ၀တ် ၀တ်ပြနေလို့  တိုင်းရင်းသားပြည်သူတွေ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး တိုင်းရင်းသားပြည်သူအပေါ်မှာ နအဖဘက်လိုက်ပြီး ဖောက်ပြန်သူ ဖြစ်ပါတယ်။
သိန်းစိန်နဲ့  တင်အောင်မြင့်ဦးတို့  ဒုတိယသမတ ဖြစ်တဲ့အတွက် နအဖက တိုင်းပြည်အပေါ် ဗြောင်ကျကျ လုပ်ပြတာဘဲ ဖြစ်ပါတယ်။ အာဏာရူးနအဖကနေ မျက်နှာဖုံးကို ပေါ်တင် ပြောင်းစွပ်ပြလိုက်တာဆိုတာ အထူးပြောနေစရာ မလိုတာမို့  နအဖ ဖွဲ့ စည်းပုံ နအဖလွှတ်တော် နအဖသမတတွေဟာ နအဖအာဏာရူးတွေဘဲ ဖြစ်တာမို့  ပြည်သူ့ အစိုးရတွေ မဟုတ်ဖူးဆိုတာပါဘဲ။
လာမယ့် ဖေဖေါ်ဝါရီလ (၄) ရက်နေ့ ကြရင်တော့ ကြိုတင်စီမံထားတဲ့အတိုင်း နအဖလွှတ်တော်ကနေ သမတ ရွေးပါမယ်တဲ့။ သမတမကလို့  သမတချူပ်ကြီး ရွေးလည်း နအဖက နအဖပါဘဲ၊ အာဏာရူးတွေက အာဏာရူးတွေပါဘဲ၊ ရဟန်းရှင်လူပြည်သူအပေါင်းကို သတ်ခဲ့တဲ့ လူသတ်သမားတွေကတော့ လူသတ်သမားတွေပါဘဲ။

0 kommentarer:
Post a Comment