http://www.naytthit.net
ဒီနေ့ အောက်လွတ်တော် အမတ်ဘ၀ကနေ ဗိုလ်ချုပ်ကြီး တင်အေး နှုတ်ထွက်သွားပြီ။ ဒါဟာ သန်းရွှေ ရဲ့ အာဏာကို ပထမဆုံးအကြိမ် အနုနည်းနဲ့ အာခံလိုက်ပြီ ဖြစ်ပါတယ်။ သူ့ထက်စောပြီး အနုနည်းနဲ့ အာခံလိုက်သူကတော့ ဗိုလ်ချုပ် အောင်မင်း ဖြစ်ပါတယ်။
အောင်မင်း ကို သန်းရွှေက စစ်တပ်ကထွက်ခိုင်း ဘားအံကနေ ရွေးကောက်ပွဲဝင်ခိုင်းတော့ အောင်မင်း က သူ့ကို ဘယ်သူ မှ မဲမဆွယ်ပေးကြနဲ့ မင်းတို့ လူထုဆန္ဒအတိုင်းလုပ်လို့ ဆိုတယ်။ မဲရုံကိုသွားပြီး သူအတွက် မဲမခိုးပေးဖို့ ကြိမ်းမောင်းတယ် လို့ ဆိုတယ်။ သူက စစ်တပ်ထဲမှာပဲ နေခြင်တယ်။ စစ်သားရိုးကြီးလို့ သိရတယ်။
သန်းရွှေက အောင်မင်း ကို နှစ်သိမ့်တဲ့အနေနဲ့ ပါဂျယ်ရိုးကားပါမစ်တခု ချပေတယ်။
ပါမစ်က သိန်း ၂၀၀ တန်တယ်။ အောင်မင်း က သူမှာ ငွေမရှိဘူး ကားကိုမ၀ယ်နိုင်ဘူးလို့ ငြင်းလိုက်တယ်လို့ သိရတယ်။ ဒါတွေဟာ တပ်ထဲမှာဖြစ်နေတဲ့ သန်းရွှေ ကို မလိုလားတဲ့ ဗိုလ်ချုပ်တွေက စတင်အာခံမှုတွေ ဖြစ်တယ်။
တင်အေး ဟာ တပ်ထဲမှာ သြဇာကြီးတယ်။ အဆင့် ၃ လောက်မှာရှိတယ်။ သန်းရွှေရဲ့ အမာခံလူရင်း။ သူက နှုတ်ထွက် လိုက်တာဟာ သန်းရွှေ လည်မျိုကို နင်းလိုက်တာနဲ့ မခြားပါဘူး။ တနည်းအားဖြင့် သန်းရွှေ လက်နဲ့ရေးထားတဲ့ ပါလီမန်နဲ့ ရုပ်သေးအစိုးရကို တင်အေး က ခြေထောက်နဲ့ကန်ပြီး ဖျက်လိုက်တာ ဖြစ်ပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment