ကိုယ်ချင်းလည်းမစာနိုင်တော့ ပြီ...
မလေးရှားနိုင်ငံတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ ပြီးရင်းဂစ်ငွေ ၇၅၀၀၀ ( ဒေါ်လာ ၃၁၅၆၈ ) တန်ဖိုးရှိ
ငွေအကြွေစေ့ များ အဝေးပြေးလမ်းမပေါ်တွင်ပျံ့ ကြဲလွင့် စင်ကျရောက်ခဲ့ လို့ လမ်းသွားလမ်းလာ များ၊ ယာဉ်
မောင်းသူများက အသက်အန္တရယ်ပင်မမှုပဲ အကြွေစေ့ များအလုအယက်ကောက်ယူခဲ့ ကြပါတယ်...
(ယာဉ်တိုက်မှုကြောင့် ဒုက္ခရောက်နေရသည့် ပိုင်ရှင်ဖြစ်သူများကို ဥပက္ခာပြုကာ သူတစ်ပါးပစ္စည်းကိုရေ
သာခိုအချောင်လိုက်ကာ ရယူလိုသူ ) ထိုအကြွေစေ့ ကောက်သူများဟာ ၎င်းတို့ ရဲ့ မော်တော်ကားများကို
KM234 တောင်မြောက်အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်သလိုရပ်တန့် ထားကြကာ ငွေအကြွေစေ့ များကို
၎င်းတို့ ၏ ဆိုင်ကယ်စီးဦးထုပ်များ၊ ပလတ်စတစ်အိတ်များအပါအ၀င် တွေ့ တွေ့ သမျှ ထည့် စရာများအတွင်း
အလုအယက်ကောက်ထည့် နေကြသည်မှာ ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာပြီးတားဆီးတော့ မှပင် ရပ်ဆိုင်းခဲ့ 
ကြပါတယ်...
တိုက်ချင်တဲ့ ကားသာတိုက်ပါစေတော့ ...တို့ ကတော့ မမှုတော့ ပြီ....
တစ်ချို့ သောသူများဆိုလျှင် မလက္ကာမြို့ ကလေးရှိ စတိုးဆိုင်၊ ကုန်တိုက်များသို့ ငွေအကြွေများသွားရောက်
ပို့ ဆောင်သည့်ပိုင်ရှင်ဖြစ်သူများမှတောင်းပန်ကန့် ကွက်နေသည့် ကြားမှပင် လမ်းမကြီးအလယ်တွင်ဆောင့် 
ကြောင့် ထိုင်ကာ ၁၀ပြားစေ့ ၊ ပြား ၂၀ စေ့ နှင့် ပြား ၅၀ စေ့ များကိုပြန်ပေးရန်ငြင်းဆန်ကာ ကောက်ယူနေ
ခဲ့ ကြပါတယ်...
တစ်ချို့ ကတော့ ဘေးအန္တရယ်ပင်မမှုပဲ အမြန်နှုံးဖြင့် မောင်းနေသည့် လမ်းမအလယ်သို့ ပင်အပြေးအလွှား
ကောက်ယူနေခဲ့ ကြပါတယ်...
ဆိုင်ကယ်သမားတွေလည်း အပါအ၀င်...
အဆိုအပါအဖြစ်အပျက်ဟာ ယမန်နေ့ က ကွာလာလမ်ပူမှ တောင်ဘက်သို့ မောင်းနှင်လာခဲ့ သည့် BMW
မော်တော်ကားတစ်စင်းဟာ တိုယိုတာဟိုင်းလတ် တစ်စင်းနောက်ပိုင်းသို့ ညနေလေးနာရီခန့် တွင် ၀င်တိုက်
ခဲ့ မိပြီး ယာဉ်မောင်းသူဟာ အရှိန်မထိန်းနိုင်တော့ ပဲလမ်းဘေးတာဘောင်သို့ ဝင်တိုက်ကာကားမှောက်သွား
ခဲ့ ရတာဖြစ်ပါတယ်...
ထိုယာဉ်တိုက်ကာ၊ ကားမှောက်မှုအရှိန်ကြောင့် ဟိုင်းလတ်ကားနောက်တွင် တင်ဆောင်လာသည့် ငွေအ
ကြွေသံသေတ္တာကိုလွင့် စင်ပွင့် ကျသွားစေခဲ့ တာဖြစ်ပါတယ်...
ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အကြီးအကဲ အဗ္ဗဒူဟာလီဟမ်းဇာ ကတော့ ထိုကဲ့ သို့ လူအများရုတ်ရုတ်သဲသဲ
ပွဲတော်ကြီးကဲ့ သို့ သေမှာမကြောက်ပဲအကြွေကောက်ပွဲကိုဆင်နွှဲနေကြတဲ့ လမ်းသွားလမ်းလာ မော်တော်
ယာဉ်မောင်းများကို၎င်း၏ရဲတပ်ဖွဲ့ ကတားဆီးခဲ့ ရတယ်လို့ ဆိုခဲ့ ပါတယ်...
အသက် ၂၈ နှစ်အရွယ်ရှိ ဟိုင်းလတ်ကားမောင်းသူ ဇိုင်ရူးဟီရှန်မန်ဆာ ကတော့ ၎င်းဟာ သူငယ်ချင်းဖြစ်သူ
နှင့် အတူ ငွေအကြွေစေ့ များလိုက်လံပို့ ဆောင်ရန်ရှားအလန်းဒေသမှ မလက္ကာသို့ မောင်းနှင်လာခဲ့ တာဖြစ်
တယ်လို့ ပြောကြားခဲ့ ပါတယ်...
အိမ်မက်တွေ လက်တွေ့ ဖြစ်လာတဲ့ အခါ...
အခြေအနေခြင်းမတူတာကိုတောင်ထည့် မစဉ်းစားနိုင်တော့ ပြီ...
တစ်ခါတစ်လေ အိပ်မက်ထဲမှာ ကြုံရတတ်တဲ့ ငွေအကြွေစေ့ တွေလိုက်ကောက်ရတာမျိုးဖြစ်မှာပါပဲ...
ဒါပေမယ့် အခုဟာက မျက်စေ့ ရှေ့ တင်ပိုင်ရှင်ကြီးရှိလျှက်နဲ့ အလုအယက်ကောက်နေကြတာကတော့ တော်
တော်ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်...
ကိုယ်ကျင့် တရားပျက်နေတဲ့ယနေ့ ကမ္ဘာကြီးရဲ့ နမူနာအဖြစ်အပျက်တစ်ခုပါပဲ...










စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment