ဆုံဆည်းရာ၊ ၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁
နေ့လည် (၂ နာရီ ၃၅ မိနစ်) နအဖ အစိုးရရဲ့ လွှတ်တော်ခေါ်ယူကျင်းပနေတဲ့အချိန်မှာပဲ နယ်စပ်ဒေသရှိ ဒီကေဘီအေ ယာယီစခန်းတွေကို အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ထိုကဲ့သို့ နအဖ စစ်အစိုးရရဲ့ စစ်ဆင်ရေး တိုးမြင့်တိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားအချို့လည်း ထိုင်းနိုင်ငံ ဘက်ခြမ်းကို ထောင်နဲ့ချီပြီး စစ်ပြေးဒုက္ခသည် အဖြစ်ရောက်ရှိနေပါတယ်။ ဒီကေဘီအေ တပ်များအနေနဲ့ ယာယီစခန်းတွေ ဖြစ်တဲ့ ဘောဘောကျိုး၊ အူကေးထ၊ ၀ါမေ့ထ စခန်းတွေကို စနစ်တကျ ဆုတ်ခွာပေးခဲ့ရပါတယ်။ ဒီကေဘီအေအနေနဲ့ စခန်းတွေကို ယာယီဆုတ်ခွာပေးခဲ့ရပေမယ့် သူတို့ရဲ့ နယ်မြေဒေသ ကျွမ်းကျင်မှုအရ နအဖ စစ်တပ်၊ စစ်ကြောင်းတွေကို ပိုမိုအထိနာစေမယ့် တောတွင်း ပျောက်ကြားစနစ်တွေ၊ မြို့ပြပျောက်ကြားနည်းဗျူဟာ တိုက်ခိုက်နည်း စစ်ဆင်ရေးတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ယမန်နေ့ကလည်း ကော့ကရိတ်မြို့အရှေ့နားရှိ နအဖစစ်စခန်းထိုင်သည့် တောင်သုံးလုံးစခန်းကို ဒီကေဘီအေတပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ပြီး မိုက်ခရိုဝေ့ဗ်နှင့် ကွန်ပြူတာများကိုလည်း မီးရှို့ဖျက်ဆီးပြီး အစောင့်ရဲတဦးကို စစ်သုံးအဖြစ် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment