ငိုနေတဲ့ ပန်းတစ်ပွင့်
သူနေခြည်နဲ့လန်းဆန်းချင်လို့တဲ့လေ
စိုနေတဲ့ နှင်းတစ်စက်
မလိုအပ်သလိုသူဆိုငြီး
မနောကလောဘကြီးနေတဲ့ အတ္တ
ဘာကိုမှအတောမသတ်နိုင်တာ
သဘာဝပါ ။ ။ ။
အိုနေတဲ့ သူမျက်နှာ
အလိုမကျနေတာတစ်ခုခု
ပိုနေတဲ့ ငါ့ စိတ် တစ်ချို့
ပုံအပ်ပြိးဖြည့်နေပေမယ့်
လိုနေသေးတယ်တဲ့လေ
ငါလဲအတ္တထဲကလူတစ်ယောက်
အချိန်တစ်ခုလောက်တော့
သည်းခံနိုင်ပါရဲ့
မှိန်းချက်မိတဲ့ ငါး
အသက်ထွက်သွားတာတောင်မှ
ဖလပ်ဖလပ်ခတ်လို့
အတ္တစကားတစ်ခွန်းပြောသွားတယ်
မင့်အလှည့်ကျ မနွဲ့စတမ်းတဲ့လေ. ။ ။ ။
ဝင်းထွန်းဆန်း ကဗျာပို့ပေးလာတဲ့အကိုအားကျေးဇူးတင်ပါတယ်
0 kommentarer:
Post a Comment