အနှစ် ၃၀ အုပ်စိုးမှု အဆုံးသတ်ရေး မူဘာရက် ချက်ချင်းထွက်ပေးဖို့ တောင်းဆိုနေတဲ့ ၁၇ ရက်ကြာဆန္ဒပြပွဲအပြီး၊ ကြာ သပတေးညက အီဂျစ်စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်လိုက်ပါတယ်။ ဒါဟာ တိုင်းပြည်ကာကွယ်စောင့်ရှောက် ဖို့ဖြစ် တယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ တပ်မတော်က ကြေညာလိုက်ပါတယ်။ သူတို့တောင်းဆိုချက်တွေကို သမတက ပေးမယ် ဆိုတာ ဆန္ဒပြသမားတွေကို သေချာပေါက်ပြောပါတယ်။ ဒါဟာ မူဘာရက်မှာ ဘာအာဏာမှ မရှိတော့ဘူးဆိုတဲ့ အပြင်း ဆုံးဖော်ပြချက် ဖြစ်တယ်။ မူဘာရက် ဆင်းမလားဆိုတာနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါ “ဒီညပဲ အဆုံးသတ်သွားပါပြီ” လို့ အီဂျစ်တပ်မတော် စဉ်ဦးစီးအရာရှိချုပ်ဆာမီအီမန်က အမေရိကန်အေဘီစီသတင်းဌာနကို ပြောပါတယ်။နိုင်ငံတော်ပိုင်ရုပ်သံက အစီအစဉ်အားလုံးကို ကြားဖြတ်ပြီး တပ်မတော်ကောင်စီချုပ်ရဲ့ကြေညာချက်ကို အကြီးတန်းစစ် အရာရှိတဦးက ဖတ်ကြားပါတယ်။ ကြေညာချက်ကို စစ်တပ်အာဏာသိမ်းမှုကိုဖော်ပြသည့်တရားဝင် သတင်းထုတ်ပြန် ချက် အမှတ် (၁) ဆိုပြီး အမည်ပေးထားပါတယ်။ “ပြည်သူတို့၏တရားဝင်တောင်းဆိုချက်များကို ထောက်ခံဆောင်ရွက် ရာတွင် တိုင်းပြည်၊ အကျိုးစီးပွားနှင့် ကြီးမြတ်သော အီဂျစ်ပြည်သူတို့၏ရည်မှန်းချက်များကို ကာကွယ်ရန် ဆောင်ရွက် မည့် စီမံချက်များအား စစ်ဆေးရန် တပ်မတော်သည်
ဆက်လက်တွေ့ဆုံဆွေးနွေးမှုများလုပ်သွားမည်” ဟု ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ရုပ်သံသတင်းတွေမှာ အီဂျစ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မှူးကြီး (ဖီးမာရှယ်) ဟူစိန်တန်တာဝိ ဥက္ကဋ္ဌလုပ်တဲ့ အစည်း အဝေးမှာ ထိပ်တန်းစစ်ခေါင်းဆောင်တွေက စားပွဲပတ်လည်မှာ မျက်နှာထားတင်းတင်းနဲ့ ၀ိုင်းထိုင်နေကြတာကို ပြသနေ ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မူဘာရက်တော့ ဒီအစည်းအဝေးမှာ တက်ရောက်တာ မတွေ့ရပါဘူး။ ဆန္ဒပြ သမားတွေက အစိုးရလမ်းညွှန်တဲ့ ပြုပြင်ပြောင်းလဲရေးစေ့စပ်ဆွေးနွေးမှုပုံစံကို သဘောမတူဘူးဆိုရင်တော့ စစ်တပ်အာ ဏာသိမ်းတာ ဒါမှမဟုတ် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းတာ တခုခု ဖြစ်မယ်ဆိုတာကို ဒုတိယသမတ အိုမာဆူလေမန်နဲ့ နိုင်ငံ ခြားရေးဝန်ကြီး အာမက်အဘူဂေ့ တို့က အစောပိုင်းကတည်းက သတိပေးထားပြီးသားပါ။
မနက်ဖြန် သောကြာနေ့မှာ အခက်ပွေနေတဲ့ သမတ က ပြည်သူတွေရဲ့တောင်းဆိုချက်ကို တုန့်ပြန်မှာဖြစ်တယ်လို့ မူဘာရက်ရဲ့အာဏာရပါတီခေါင်းဆောင် ဟိုဆမ်ဘာဒရာဝီက အစောပိုင်းက ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၁ (The Nation)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment