http://www.naytthit.net
အရှေ့ဥရောပမှာရှိတဲ့ ကွန်မြူနစ်အစိုးရတွေကို  ဆက်လက်ထိန်းသိမ်းကာကွယ်ဖို့ ဆိုဗီယက်ယူနီယံက နောက်ထပ် ဘယ်တော့မှ စစ်ရေးအရ  ၀င်ရောက်စွက်ဖက်မှာ မဟုတ်တော့ဘူးဆိုတာ ပြည်သူတွေက သိမြင်လာတဲ့ အကျိုးရလဒ်က  တော့ ၁၉၈၉ ခုနှစ်မှာ တော်လှန်ရေးတွေ ဖြစ်လာတာပါပဲ။ အခုလည်း  အမေရိကန်ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ် နေတဲ့ အစုး ရတွေကို  အကာအကွယ်ပေးဖို့ စစ်ရေးအရ ၀င်ရောက်စွက်တာ လုပ်တော့မှာ မဟုတ်ဘူးဆိုတာကို  အာရပ် တွေသိလာတာ ပါပဲ။
အခုမှ ဘာ့ကြောင့်ဖြစ်ရတာလဲ။ မနှစ်က ဒါမှမဟုတ် လွန်ခဲ့တဲ့ ၁၀ နှစ်က  ဒါမှမဟုတ် ဘယ်တုန်းကမှ မဖြစ်ခဲ့တာ၊ ဒီနှစ် ထဲမှာမှ တူနီးရှားနဲ့အီဂျစ်မှာ  တော်လှန်ရေးတွေ ဘာလို့ဖြစ်ခဲ့ရတာလဲ။ အခုဆို ဂျော်ဒန်၊ ယီမင်၊ ဘာရိန်း၊  လစ်ဗျားနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေမှာ နေ့စဉ် လမ်းပေါ်ထွက်နေကြတဲ့  ဆန္ဒပြသမားတွေကို ဒီတော်လှန်ရေးတွေရဲ့အောင်မြင် မှုက ထူးထူးခြားခြား  စေ့ဆော်ပေးနေတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေ ဘယ်လို စဖြစ်တာလဲ။  အရှေ့အလယ်ပိုင်းဒေသကို ဘယ်အရာတွေက အပြောင်းလဲဖြစ်အောင်လုပ်ခဲ့တာလဲ။
မှန်ပါတယ်။ အာရပ်ကမ္ဘာကို သက်ဦးဆံပိုင်အစိုးရတွေက အုပ်ချုပ်နေတယ်။  အတိုက်အခံတွေနဲ့ အမြင်မတူတဲ့သူတွေကို ဖိနှိပ်နေတယ်။ တခါတရံ ရက်စက်တာတွေ  ကမ်းကုန်အောင် လုပ်တယ်။ ဟုတ်တယ်။ အစိုးရအတော်များများဟာ အ  ကျင့်ပျက်ချစားနေကြတယ်။ အာရပ်နိုင်ငံအများစုကြီးက ဆင်းရဲတယ်။ ပိုလို့တောင်  ဆင်းရဲလာနေတယ်။ ဒါတွေအားလုံး မှန်တယ်ဆိုတာ ဆယ်စုနှစ်တွေတောင် ကြာလှပြီ။  အရင်တုန်းက တော်လှန်ရေးတွေ မဖြစ်ခဲ့ဘူး။ အားမလို အားမရဖြစ် တာတွေ၊  ဒေါသထွက်တာတွေ ရှိကောင်းရှိမယ်။ ဒါတွေကိန်းအောင်းနေတာ ကြာလှပြီ၊  မီးပွားလေးတခုပဲ လိုနေတာ။ တူ နီးရှားမှာ လူငယ်လေးတဦးက ကိုယ့်ကိုယ်ကို  မီးရှို့သတ်သေလိုက်တော့ အဲဒီကနေ မီးတောက်ကြီးဟာ တခြား အာရပ် နိုင်ငံတွေ ကို  မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတော့တာပါပဲ။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်၊ ဒါမှမဟုတ် ၁၀ နှစ် ဒါမှ မဟုတ် အနှစ်၂၀ က  ဒါမျိုး အလွယ်တကူဖြစ်နိုင်တယ်ဆိုတာကို ဘယ် သူက ယုံမှာလဲ။ လွန်ခဲ့တဲ့ ၂ နှစ်  ဒါမှမဟုတ် ၅ နှစ်၊ ၁၀ နှစ်က လူထုဒေါသ ရေချိန်ဟာ တကယ့်တကယ်မှာ မြင့်လာနေ  ပြီဆိုတာ ထင်ဖို့ အကြောင်းမရှိဘူး။ တချိန်လုံးမြင့်နေတာ။ ဒါပေမဲ့  သာမန်အချိန်တွေမှာ လူအများစုကြီးဟာ ဒါတွေကို ဗြောင်ဖော်ပြဖို့  အရမ်းသတိထားတယ်။ အခုတော့ သူတို့ဒေါသကို ကျယ်ကျယ်လောင်လောင် ဖော်ပြနေကြပြီ။  ကာလ ရှည်ကြာအုပ်စိုးနေတဲ့ အာရပ်အစိုးရတွေဟာ စပြီး စိုးရိမ်ထိတ်လန့်နေကြပြီ။  အာရပ်နိုင်ငံတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အီ ဂျစ်က သမတဟို့စ်နီ မူဘာရက်  ကျဆုံးမှုက အာရပ်ကမ္ဘာက တခြားသက်ဦးဆံပိုင် အစိုးရတွေဟာ အလားတူ ကျဆုံးနိုင်  တယ်။ ဆိုတာမျိုး ဖြစ် လာနိုင်စရာတွေ ရှိလာနေပါတယ်။ ၁၉၈၉ ခုနှစ်က ဥရောပမှာ  ကွန်မြူနစ်အစိုးရတွေ အလျင်အ မြန်ကျဆုံးမှုတွေက သူတို့အတွက်  အရင်ကဖြစ်ခဲ့ဖူးတဲ့ ထိတ်လန့်စရာတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဟာက နောက်တ  ကြိမ် ဘာလို့ ဖြစ်နေရတာလဲ။
“Social Media” လို့ခေါ်တဲ့ လူမှုဆက်သွယ်ရေးကွန်ယက်ဆိုတာ  ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်အမွှမ်းတင်ပေးတဲ့ ရှင်း လင်းထုတ်ဖော်ပြောဆိုမှုတခု  ဖြစ်တယ်။ အယ်လ်ဂျာဇီးရား ကွန်ယက်ရဲ့ တူနီးရှားနဲ့ အီဂျစ်က  အဖြစ်အပျက်တွေကို အ ပြည့်အစုံ ဖော်ပြပေးတာကလည်း တခုပေါ့။ နှစ်ခုစလုံးက  ဒီရှင်းလင်းပြောဆိုမှုတွေရဲ့ ယုံကြည်အားထားလောက်တဲ့ အ စိတ်အပိုင်းတွေပဲ  ဖြစ်ပါတယ်။ ဒါတွေဟာ  နိုင်ငံတော်အစိုးရတွေရဲ့သတင်းဖြတ်တောက်  ပိတ်ဆို့မှုတွေကိုကျော်ပြီး လူ ထုတွေ အလွယ်တကူစုရုံးနိုင်စေဖို့  ရှင်းရှင်းလင်းလင်း ပြတ်ပြတ်ပြတ်သားသား လုပ်ပေးတဲ့ ဆက်သွယ်ရေးနည်းနာတွေ၊  ကရိယာတွေပဲ ဖြစ်တယ်။ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့  အသင့်ဖြစ်တယ်ဆိုရင် ဒီဆက်သွယ်ရေး ကွန်ယက် တွေက သူတို့တွေကို  အလွယ်တကူစုစည်းနိုင်အောင်၊ ဆန္ဒပြသမားတွေရဲ့ စံနမူနာကောင်းတွေကို  ပျံ့နှံ့စေဖို့ လုပ်ပေး တယ်။ ဒါပေမဲ့ ဒီဟာက နောက်ဆုံးမှာ သူတို့  ဘာလို့လမ်းပေါ်ထွက်လာရလဲ ဆိုတာကိုတော့ တကယ်တန်း ရှင်းမပြနိုင် ပါဘူး။
ပြီးခဲ့တဲ့တနှစ်၊ ၂ နှစ်လောက်က အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတာတွေနဲ့  တကယ်ပဲ မတူကွဲပြားတဲ့ အရာတခုကတော့ အမေရိကန်ပြည်ထောင်စုဟာ ဒီဒေသက  ဆုတ်ခွာဖို့ စနေပြီဆိုတဲ့ အချက်ပါပဲ။ ၁၉၅၈ ခုနှစ်၊ လက်ဘနွန်ဖြစ်ရပ်ကနေ ၂၀၀၃  ခုနှစ် အီရတ် ဖြစ်ရပ်ထိကြည့်ပါ။ အဲဒီတုန်းက အမေရိကန်ပြည်ထောင်စုဟာ  အာရပ်ကမ္ဘာက သူလိုလားတဲ့ အစိုး ရတွေကို အကာအကွယ်ပေးဖို့နဲ့  မလိုလားတဲ့အစိုးရတွေကို ဖယ်ရှားဖို့ဆို စစ်ရေးအရ ၀င်ရောက်စွက်ဖက်လိုစိတ်  ရှိနေ ကြပါတယ်။ အခုတော့ ဒါတွေ ပြီးသွားပါပြီ။
အပေါ်ယံမှာ ပါးပါးလေးဖုန်းကွယ်ပုံဖျက်ထားတဲ့ အီရတ်က အမေရိကန်ရဲ့  ရှုံးနိမ့်မှုက ဒီအပြောင်းအလဲကြီးကို တစိတ် တပိုင်း တွန်းအားပေးခဲ့တာပါ။  နောက်ပြီး အဲဒီလို စိုးရိမ်စရာကောင်းတဲ့ အတွေ့အကြုံတွေ  တွေ့ကြုံပြီးနောက်မှာ ဒီဒေသ မှာ အမေရိကန်တွေ စစ်ရေးအရ နောက်ထပ်  ၀င်ရောက်စွက်ဖက်တာမျိုးကို သဘောတူထောက်ခံတော့မှာ မဟုတ်တော့ ဘူးဆိုတာကို  အမေရိကန်ပြည်သူလူထုရဲ့အမြင်စစ်တမ်းကောက်ခံမှုတွေက ပြသနေပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့  အာရပ်အစိုးရတွေရဲ့လုံခြံရေးကွန်ယက်ကို ဖယ်ရှားနေပါပြီ။ ဒါကို သူတို့  ပြည်သူတွေက သိနေတယ်။ ၀ါရှင်တန်မှာ အဓိကမဟာဗျူဟာ ပြန်လည်သုံးသပ်ချက်တခုလည်း  လုပ်နေတယ်။ ပြီးခါနီး နေပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒမှာ  အရှေ့အလယ်ပိုင်းရဲ့အရေးပါမှုကို လျှော့ချလိုက်ပါပြီ။ အာရပ်လူထုက ဒါကို  မသိပါဘူး။ ဒါပေမဲ့ အစိုးရတွေကတော့ မုချသိပါတယ်။ ဒါက သူတို့ယုံကြည်မှုကို  လျော့ပါးသွားစေတာပဲဖြစ်တယ်။
အရှေ့အလယ်ပိုင်းမှာ အမေရိကန်က မဟာဗျူဟာအရပါဝင်နေရတဲ့ အစဉ်အလာ  အကြောင်းရင်းတွေကတော့ ရေနံနဲ့ အစ္စရေးလ်ကြောင့်ပဲ ဖြစ်တယ်။  အမေရိကန်ရဲ့ရေနံထောက်ပံ့မှုကို  ကာကွယ်ခဲ့တာပဲ ဖြစ်တယ်။ စစ်အေးတိုက်ပွဲက  နှစ် ဖက်စလုံး ထိခိုက်နစ်နာ ရှုံးနိမ့်သွားတာဖြစ်တယ်။ ဒီအထဲမှာ အမေရိကန်  မထိန်းချုပ်နိုင်တဲ့ အစိုးရတွေကို ဆိုဗီယက် လက်ထဲ ကျသွားမယ့်အန္တရာယ်  ရှိတယ်ဆိုပြီး ကြည့်မြင်ခဲ့တယ်။ နောက်ပြီး  စိတ်ကူးယဉ်ဆန်တဲ့စဉ်းစားချက်တွေအပြင် စစ်ရေးအရ အရေးကြီးတယ်ဆိုပြီး  အစ္စရေးလ်ကို ကာကွယ်စောင့်ရှောက်ခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ စစ်အေးကြီးက ကာလရှည်ကြာခဲ့တယ်။ ဒီလိုနဲ့ အရှေ့အလယ်ပိုင်းမှာ  နှစ်ဖက်စလုံး ရှုံးခဲ့တာပဲဖြစ်တယ်။ အာရပ် ရေနံတင်ပို့သူတွေက  ကူးသန်းရောင်းဝယ်ရေးအခြေခံပေါ်ကပဲ သူတို့ဖောက်သည်တွေကို ရွေးကြတာဖြစ်တယ်။  သူတို့ နိုင်ငံရဲ့ တိုးလာနေတဲ့လူဦးရေကို ထောက်ပံ့ဖို့ သူတို့ရေနံကို  ရောင်းရမှာပဲ ဖြစ်တယ်။ သူတို့ဆီက ရေနံတွေရဖို့ ခင်ဗျား တို့အနေနဲ့  သူတို့ကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ မလိုပါဘူး။ သူတို့ကို  ချက်လက်မှတ်တွေပဲ ပေးပါ။ ဒါ့ပြင် အာ ရပ်ကမ္ဘာက ရေနံတင်သွင်းနေတဲ့ ရေနံက  အမေရိကန်ကတင်သွင်းနေတဲ့ ရေနံရဲ့ ငါးပုံတပုံတောင် မရှိပါဘူး။
အစ္စရေးလ်ကြောင့်ဆိုပြန်ရင်လည်း စစ်အေးခတ်ပြီးကတည်းက  အမေရိကန်ရဲ့စစ်ရေးတန်ဖိုးက ထိုးကျသွားပါပြီ။ အမေ ရိကန်ရဲ့  အကာအကွယ်အစောင့်အရှောက်ကို မလိုပါဘူး။ အစ္စရေးလ်ဟာ  အာရပ်အိမ်နီးခြင်းနိုင်ငံတွေအပေါ် စစ်ရေးအ ရ လွှမ်းမိုးထားတဲ့ ဆူပါပါဝါ  အငယ်စားလေး ဖြစ်နေပါပြီ။ ဒါကြောင့် ကျနော် နောက်တခေါက် ပြန်ပြောပါမယ်။ အတိအ  ကျ ပြောရရင် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသရဲ့ တည်ငြိမ်မှုကို  သေရေးရှင်ရေးတမျှအရေးပါတဲ့ အမျိုးသားအ ကျိုးစီးပွား အဖြစ် ဘာကြောင့်  ကြည့်မြင်နေမှာလဲ။
ဆိုဗီယက်ပြည်ထောင်စုဟာ သူတို့ကို အုပ်ချုပ်နေတဲ့ကွန်မြူနစ်အစိုးရတွေကို  ဆက်လက်ထိန်းသိမ်းထားဖို့ စစ်ရေးအရ ၀င် ရောက်စွက်ဖက်တာတွေ  လုပ်မှာမဟုတ်တော့ဘူးဆိုတာကို အရှေ့ဥရောပနိုင်ငံတွေက သိမြင်ခဲ့တယ်။  အဲဒီအချိန် မှာ ၁၉၈၉ ခုနှစ်က တော်လှန်ရေးတွေ ဖြစ်လာနိုင်တော့တာပါပဲ။  အာရပ်ကမ္ဘာမှာ နောက်ထပ် ၁၉၈၉ ကလို တော်လှန် ရေးတွေ ဖြစ်လာနိုင်မလား။  အမေရိကန်ပြည်ထောာင်စုက သူတို့ကို အုပ်ချုပ်နေတဲ့အစိုးရတွေကို  အကာအကွယ်ပေးဖို့ စစ်ရေးအရအရ ၀င်ရောက်စွက်ဖက်တာ မလုပ်တော့ဘူး ဆိုတာကို  အခုဆို အာရပ်ကမ္ဘာက သိနေကြပါပြီ။











စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment