http://komoethee.blogspot.com/ 
သန်းရွှေ ချက်ချင်းဖြုတ်။ မကြာခင် သန်းရွှေ ပြေးရမည်။
ဒီကနေ့  သမိုင်းလမ်းဆုံဖက်မှာ ပိုစတာတွေ ဖြန့် နေကြပြီ။ လှိုင်သာယာသွား ဘတ်စ်ကားတွေမှာလည်း စာရွက်စာတမ်းတွေ ဖြန့် နေကြပြီ။ ယင်းစာရွက်စာတမ်းတွေကို လက်ဝယ် ရရှိပြီး သူတဦးက မည်ကဲ့ သို့  အကြောင်းအ ရာများပါသည်ကို ခုလို ပြောပြသည်။
"    မနက်ကတည်းက သမိုင်းလမ်းဆုံဖက်သွားတော့ လူငယ်တွေ စာရွက်တွေ ဖြန့် ပေးနေကြတာတွေ့ တယ်။ ဒီလူငယ်တွေက လှိုင်သာယာဖက်မှာလဲ ဒီစာရွက်တွေကို ဖြန့် မယ်လို့  ပြောဆိုသွားတာကြားရတယ်။  သန်းရွှေ ချက်ချင်းဖြုတ်။ အာဏာလွှဲပြောင်းအမြန်ဆုံးယူကြ။ တူနီရှား၊ ယီမင်၊ဘာရိန်၊ လစ်ဗျား၊ ခုတော့ သန်းရွှေ ဖြစ်ရမည်၊ ဆိုတဲ့  စာတွေ ရေးထားတယ်။ မှင်နီနဲ့  ရေးထားပြီး လက်ရေးမူတွေနဲ့  တကယ့် ဗွီဒီယိုကား ကြောငြာ စာလုံးဒီဇိုင်းတွေနဲ့  ဖြန့် နေကြတာ။
ကျောက်မြောင်းဖက်မှာလဲဘဲ ဒီလိုစာ၇ွက်တွေ ဖြန့် တဲ့ နေရာမှာ လူငယ်တွေ ဈေးလာသူတွေကို အထူးသဖြင့် လိုက်လံဝေငှ ပေးနေတာ တွေ့ တယ်။ ကမ္ဘာမှာ အာဏာရှင်တွေ ပြုတ်ကျနေကြပြီ။ သန်းရွှေလဲ ပြုတ်ကျတော့မည်။ တပ်မတော်သားတွေက ဗိုလ်ချုပ်တွေ ဖမ်းဆီးခံရတာ မသိသေးဘူးလား၊  တပ်မတော်သားတွေ သေနတ်ပြာင်းဝ နေပြည်တော်ကို လှည့်တော့ ။ ဆိုတဲ့  စာသားတွေပါတာကို ဖြန့် နေကြတယ်။ အောင်ဆန်းမြို့  ဈေးနဲ့  ဖေါ့ကန်ဈေး တ၀ိုက်မှာတော့
နံရံပေါ်မှာ ကပ်ထားကြတယ်လို့  ပြောပြသည်။  
ပြုပြင်ထိမ်းသိမ်းရေးလေတပ်အထဲမှာတော့ လစ်ဗျားလေတပ်က ပြည်သူဖက်မှာ ရပ်တည်နေကြတာကို အရာရှိကအစ ပြောဆိုနေကြပြီ။ ၁၉၈၈- ခုနှစ်တုံးက ပြုပြင်ထိမ်းသိမ်းရေးလေတပ်စခမ်းက အရာ၇ှိအရာခံ အကြပ်တပ်သား- ၂၀၀- ကျော်လောက် အရေးအခင်းကာလ အပြီးမှာ ရာထူးမှ ထုတ်ပ္ပါယ်ခြင်းခံခဲ့ ရတယ်။ အခုတကြိမ် အရေးအခင်းသာဖြစ်ရင် - ၈၈- တုံးကလို အဖြစ်မခံဘူးလို့  တပ်တွင်းအိမ်ထောင်သည်လိုင်းမှာ ပြောဆိုနေကြကြောင်း လေတပ်နဲ့ နီးစပ်သူ ပိုစတာကမ်ပိမ်းလူငယ်တွေက ပြောဆိုသည်။
ဗန္ဒုလပန်းခြံထဲမှာတော့ ပိုစတာကမ်ပိမ်း စာရွက်စာတမ်းဖြန့် သူတွေကို အနှောင့်အယှက် မပေးနိုင်အောင် အဖမ်းအဆီးမခံရအောင် သတိနဲ့  စာရွက်စာတမ်းတွေ ဖြန့် ဝေကြဖို့  ၊ အတင့်မရဲကြဖို့  လူကြီးတွေက သတိပေးကြကြောင်း ပြောပြသည်။  ခုတကြိမ်မှာကျောက်တံထားရဲကအစ ပန်းဘဲတန်းရဲတွေပါ ပိုစတာကမ်ပိမ်း လုပ်နေတာကို သိနေပေမဲ့ လည်း ဖမ်းဆီးခြင်း၊ လိုက်လံခြေရာခံခြင်း မရှိတာဟာ ထူးခြားမူတခုဟု လူငယ်တဦးက ပြောသည်။ လူငယ်တွေထဲမှာ ကိုယ်ပိုင်ကားနှင့် လာရောက်ဖြန့် ဝေနေကြသူများဖြစ်ပြီး ယခင်ကလို စာရွက်စာတမ်းဖြန့် ဝေကြသည့်အခါမျိုးကဲ့ သို့  သတိလက်မလွပ်ကြခြင်းကို တွေ့ ရသည်။
ပိုစတာကမ်ပိမ်း ဆောင်ရွက်လှုပ်ရှားသူများက မီဒီယာများနှင့် အင်တာဗျူးများ မပြုလုပ်ချင်သည့်အကြောင်းကို ယခုလိုပြောပြသည်။
"  ကျနော်တို့ က အခုရန်ကုန်ကိုဘဲ အာရုံစိုက်နေရတာမျိုး လုပ်နေရတယ်။ မကြာခင် မန္တလေး တက်မယ်။ ဒီကမ်ပိမ်းမှာ ခုလိုလှုပ်ရှားနေတာကို ရေဒီိယိုတွေက ပြောဆိုနေဖို့  အချိန် မရှိဘူး။  ကျနော်တို့ က သန်းရွှေကို ဖြုတ်ချဖို့  ၊သိန်းစိန်အစိုးရကို အလိုမရှိ။ ဆိုတာကိုဘဲ လုပ်ချင်နေတာ။ ရေဒီိယိုက ဖိုးပြောချင်တွေက ပြောနေတဲ့ အခါမှာ အာဏာလွှဲပြောင်းသွားတာကို မသိဘဲ ဖြစ်သွားမဲ့  အမျိုးအစားထဲမှာ ကျနော်တို့ ရောပြီး ပါမသွားဖို့  အရေးကြီးနေတယ်။ ခုအချိန်မှာ  သိန်းစိန်အစိုးရ အလိုမရှိ ဆိုတာကဘဲ တနိုင်ငံလုံးမှာ အသံတွေ ထွက်လာအောင် လုပ်နေတာဖြစ်တယ်။ သန်းရွှေဖြုတ်ချဖို့  တိုက်တွန်းနေတာဖြစ်တယ်။ အခုဆိုရင် လစ်ဗျားမှာ ကဒါဖီ ပြေးရတော့မယ်။ မြန်မာနိုင်ငံမှာလဲ သန်းရွှေ ပြေးရတော့မှာပါ။ သိန်းစိန်တို့  ပြေးရမှာပါ။ ကျနော်တို့  သန်းရွှေကို ဖြုတ်ချချင်တယ်။ ပြည်သူတွေက ကျနော်တို့  ပိုစတာကမ်ပိမ်းကို လက်ခံပေးကြပါ။ "
ဖဆဆပလရပ်ကွက်မှာနေထိုင်တဲ့  လူငယ်တဦးက ပိုစတာကမ်ပိမ်းလုပ်နေရာမှ ပြောဆိုသွားခြင်းဖြစ်သည်။ သမတရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရန် လာသောသူများကို စာ၇ွက်စာတမ်းတွေ ပေးကြပုံနဲ့  ဘူတာကြီးကိုလာတဲ့  ခရီးသည်တွေကို စာရွက်စာတမ်းတွေ ဖြန့် ဝေရတာ အထူးအောင်မြင်မူတွေ ရတယ်လို့ လဲ ပြောသွားသည်။
24 February 2011
ဒီတခါပြေး ရမဲ့ သူဟာ သန်းရွှေ နဲ့ မိသား စုဖြစ်တယ်။ သတ္တိရှိ ရှိ တိုက်ပွဲ ၀င်ကြစို့ 
Etiketter: (ဲပြည်တွင်းမှလာသော သတင်း)
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment