သို့ /
နန်းယမင်းဝေ .... ကျွန်တော့်ကို စာရေးဖို့တွန်းအားပေးတဲ့ အတွက်ကျေးဇူး များစွာတင်ပါတယ်။
ကျွန်တော်က နန်းယမင်းပြောသလို လူကြီးမင်းမဖြစ်သေးတာ တော့အမှန်ပါ၊ ဘာကြောင့် ဆိုလျှင်
ရင့်ကျက်မှု မရှိသေးတာရယ်၊ အသက်အရွယ် အရလဲ လူကြီးမင်းမဖြစ်သေးမလို့ပါ။ ဒါပေမယ့်
ကျွန်တော့်မှာ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ဘဝ အတွေ့အကြုံလေးရယ်၊ နောက် ကိုယ့်လူမျိုးတွေကို
သိပ်တိုးတက် စေချင်တဲ့ ဆန္ဒ တွေရှိပါတယ်။ ဖွင့်ပြောချင်ပေမယ့် စာမရေးတတ်တော့ အင်မတန်
ကို စိတ်ထဲမှာကသိ ကအောင့်(က်) နိုင်လှပါတယ်။ ကျွန်တော် ကျိုးစားပြီးရေးပါ့မယ် အယ်ဒီတာတစ်ဦး
အနေနဲ့ တည်းဖြတ်ခွင့်၊ ငြင်းပယ်ခွင့် ရှိတယ်ဆိုတာ ကျွန်တော်နားလည်ထားပါတယ်။
လူသားတိုင်းမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိကြတာပါပဲ။ ကျွန်တော်မလုပ်နိုင်တဲ့ အလုပ်တစ်
ခုကို အခြားတစ်ယောက်က ကျင်လည်စွာလုပ်နိုင်သလို၊ အဲဒီ အခြားတစ်ယောက်က နားလည်မထားတဲ့
အကြောင်းရာတစ်ခုကို နောက်ထပ်အခြားတစ်ယောက်က ကျွမ်းကျင်စွာ လုပ်ပြနိုင်တာဟာ၊ လူသားတွေ
ရဲ့အားနည်းချက် အားသာချက်တွေဆိုရင် မမှားဘူးလို့ထင်ပါတယ်။
ဒီအတွက်ကြောင့် လူသားတိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာ ယေဘုယျ ခံယူထားတတ်ကြပါတယ်။ အဲဒီ
အကြောင်းရာနဲ့ စပ်ဆက်ပြီး၊ လူမှုအသိုင်းဝိုင်းတွေ၊ ဝိုင်းဖွဲ့လုပ်ဆောင်မှုတွေ ဆိုတာဟာ တစ်ဦးအပေါ် တစ်
ဦး မှီခို ဆက်စပ်မှုတွေရှိနေကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ တိုင်းပြည်တစ်ခုမှာ ကျောင်းဆရာတွေချည်း
လုပ်လို့မဖြစ်နိုင်သလို၊ စစ်သားတွေချည်းအားလုံး ဖြစ်ဖို့လဲ မလိုအပ်ဘူးထင်ပါတယ်။ ဦးဆောင်သူ၊ နောက်လိုက်
သူ ဆိုပြီး သူ့နေရာ နှင့် သူအစီစဉ် ကျကျ ရှိနေကြရပါမယ် ။
(အမေရိကန်တပ်တွေ ကို ဗီယက်နန် တွေတော်လှန်နေကြတဲ့ အချိန်မှာ ယောင်္ကျားတွေက သေနတ်လွယ်စပါးစိုက်ကြ၊
မိန်းမတွေနဲ့ ကလေးတွေကို လုံခြုံတဲ့ကတုတ်ကျင်း နေရာမှာတွေမှာထားတယ် မိန်းမတွေက ကလေးတွေကို စာသင်
ပေးတယ်လို့ ဖတ်ဖူးပါတယ်။ )
ကျွန်တော်တို့ ကရင်လူမျိုးတွေ ယနေ့ဆိုလျှင် ကမ္ဘာ့နိုင်ငံ အတော်များများ မှာအခြေချနေထိုင်နေကြတာကို
တွေ့လာရပါပြီ။ဒါဟာအင်မတန်မှတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုကျွန်တော်တို့လူမျိုးတွေရရှိပိုင်ဆိုင်နေကြတာပါလို့
ကျွန်တော်ခံယူမိပါတယ်။ ဒီလိုအခွင့် အရေးကို ကျွန်တော်တို့ တစ်ဦးစီ အသုံးချတတ်ကြမယ်ဆိုလျှင် မိသားစုတစ်စု စီအတွက်၊မိမိလူမျိုးအဖွဲ့စည်း တိုးတက်ရာ တိုးတက်ကြောင်းအတွက် အထောက်ကူဖြစ်ပါတယ်။
ကျွန်တော် တို့တွေဟာ အရာအားလုံးမှာ ပါဝင်လုပ်ဆောင်နေကြဖို့ မလိုအပ်ပါဘူး၊ သူ့နေရာနှင့်သူ အစီစဉ်ကျကျပါဝင်
နေကြဖို့ပဲလိုအပ်ပါတယ်။ ဒီနေရာမှာကျွန်တော့် အဖူး ရှိစဉ်ကပြောဖူးတဲ့စကားလေးကိုပြောပြချင်ပါတယ်
'' ငါ့မြေး.. အရှေ့ကသွားလျှင်သွား၊ အနောက်ကလိုက်မယ်ဆို လဲလိုက်......ဘေးလွယ်အိတ်လို ကန့်လန့်တော့
မလုပ်နဲ့၊အလုပ်မတွင်ကျယ်ဘူး ငါ့မြေးရေ '' လို့ပြောဘူးတယ်။
နိုင်ငံခြားသွားတဲ့ သူကသွားကြမယ်၊ ကျန်နေခဲ့ သူတွေက မိမိနယ်မြေကို ကာကွယ်နေကြတယ်လေ။ ကျွန်တော်တို့ကို ဘယ်အကြောင်းအရာ၊ ဘယ်အခြေနေတွေက နိုင်ငံခြားထွက်ခွါလာစေဖို့ တွန်းပို့လိုက်တာလဲဆိုတာကို ကျွန်တော်တို့
နိုင်ငံခြားရောက်နေသူ တစ်ဦး တစ်ယောက်စီတိုင်းသတိရနေကြဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် စစ်တိုက်
နေကြမှ အမျိုးသားရေးလုပ်တာမဟုတ်သလို၊ စစ်တိုက်နေသူ၊ မိမိလူမျိုး ဒုက္ခရောက်နေသူတွေအတွက် ကူညီထောက်
ပံ့ပေးတာဟာ လဲ အမျိုးသားရေးလုပ်နေတာပါပဲ။
အဖွဲ့စည်းအလုပ်တစ်ခုလုပ်တဲ့အခါမှာ ပုဂ္ဂိုလ်စွဲ အာဂါတ အမုန်းတရားတွေ ကင်းဝေးနေကြရပါမယ်။ ဒါမှလဲ အများရဲ့
ယုံကြည်အလေးထား အားကိုးမှုကို ခံရပြီး၊ အမျိုးသားရေးအတွက် ဆထက်ထမ်းပိုးသယ်ပိုး နိုင်မယ်၊ လက်အောက်ငယ်
သားတွေကလဲ ကိုယ့်ခေါင်းဆောင်ကိုကြည့်ပြီး လေးစားစံနမူနာထားတတ်လာမှာဖြစ်ပါတယ်။
ကျွန်တော့်တို့ အနေနဲ့ ခေါင်းဆောင်မှုပေးတဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ရပါမယ်၊ ကျွန်တော်တို့သူတို့နေရာမှာ
ခေါင်းဆောင်မှု အလုပ်တွေမလုပ်နိုင်တဲ့ အတွက် သူတို့ဦးဆောင်မှုနောက်မှာနောက်လိုက်ကောင်းတွေဖြစ်အောင်
ကြိုးစားကြရပါမယ်။ ကျွန်တော်တို့နောက်မှာကျန်ခဲ့တဲ့ မိမိလူမျိုးတွေအတွက် ၊ လူအားမပါနိုင်ပေမယ်လို့ မိမိတို့တတ်
နိုင်သလောက် ပါဝင်ကြမယ်ဆိုရင် ဒါဟာလဲ အမျိုးသားရေးနိုင်ငံရေးပဲ မဟုတ်ပါလား။
နိဂုံးချုပ်အနေနှင့် ကျွန်တော်တို့ လူမျိုးအတွက် ကျွန်တော်တို့မှာ အပြည့်အဝတာဝန်ရှိပါတယ်၊ ဦးဆောင်မယ်ဆိုလျှင်ဦး
ဆောင်ပါ၊ ကျွန်တော်တို့ နောက်ကလိုက်ကြမယ်၊ ဦးဆောင်မှုလဲမပေးနိုင်ဘူး နောက်ကလဲမလိုက်ချင်ဘူးဆိုလျှင်
ကျွန်တော့်အဖူးပြောသလို ဘေးလွယ်အိတ် ကြီးဖြစ်နေလိမ့်မယ်။
sm

0 kommentarer:
Post a Comment