http://www.bur.irrawaddy.org/index.php
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် သည် ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဖုန်ကန်ရာဇီ ရေခဲတောင်တွင် ဆင်းသက်ရာ ရေခဲပြင်အတွင်းသို့ ကျွံကျသွားကြောင်း သိရသည်။

ရေခဲတောင်ပေါ်၌ အနားယူနေသော ဦးတေဇ (ဓာတ်ပုံ - airbagan)
ယမန်နေ့ နံနက်က ဦးတေဇ အပါအ၀င် ထူးကုမ္ပဏီမှ ၀န်ထမ်း ၆ ဦးသည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ယူရိုကော့တာ (Eurocopter) အမျိုးအစား ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း၊ ထို့နောက် ဆင်းသက်ရာ ရဟတ်ယာဉ် တဖက်ခြမ်းသည် ရေခဲပြင် အတွင်း၌ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း၊ မည်သူမျှ ထိခိုက်ဒဏ်ရာ ရခြင်းမရှိကြောင်း တပ်မတော် (လေ) အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယင်းရဟတ်ယာဉ်သည် ဦးတေဇ၏ ကိုယ်ပိုင် ရဟတ်ယာဉ်ဖြစ်ပြီး အမြင့်ပေ ၁၂၀၀၀ ခန့်အထိ ပျံသန်းနိုင်ကြောင်း
ယင်းရဟတ်ယာဉ်သည် ဦးတေဇ၏ ကိုယ်ပိုင် ရဟတ်ယာဉ်ဖြစ်ပြီး အမြင့်ပေ ၁၂၀၀၀ ခန့်အထိ ပျံသန်းနိုင်ကြောင်း
ခရီးစဉ် ရည်ရွယ်ချက်မှာ လာမည့် မတ်လတွင် ရေခဲတောင်တက်ရန် အတွက် ကောင်းကင်မှနေ၍ လမ်းကြောင်းရှာရန် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖုန်ကန်ရာဇီ ဒေသတွင် ဖုန်ကန်၊ ဖန်ဂရန်၊ ဖုန်ရင်၊ မဒွယ် စသည့် ရေခဲတောင်များ အပြင် ဖုန်ကန်ရာဇီ ဘေးမဲ့တောလည်း ရှိသည်။
ယခုအခါ ဦးတေဇ အပါအ၀င် ၀န်ထမ်း ၆ ဦးကို မိထ္တီလာမြို့တွင် အခြေစိုက်သည့် တပ်မတော်(လေ)မှ ရဟတ်ယာဉ်ဖြင့် သွားရောက် ခေါ်ယူနေပြီ ဖြစ်ကြောင်း၊ မနက်ဖြန်နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း တပ်မတော်(လေ) အသိုင်းအ၀ိုင်းက ဆိုသည်။0
မြန်မာနိုင်ငံ၌ ကိုယ်ပိုင်အသေးစား ရဟတ်ယာဉ်များသည် ဦးတေဇနှင့် ဒေ၀ူး၊ တိုတယ် စသည့် ရေနံကုမ္ပဏီများတွင်သာရှိသည်ဟု သိရသည်။
ပူတာအိုမြို့ အနီးရှိ မူလာရှီဒီ ကျေးရွာ မူလာရှီဒီချောင်းနံဘေး ကြိုးတံတားအနီးတွင် နိုင်ငံခြား ခရီးသွားများအား ရည်ရွယ်ပြီး Malikha Lodge အမည်ရှိ ဦးတေဇပိုင် ဟိုတယ် ၁၀ လုံးခန့် ဖွင့်လှစ်ထားသည်။
ဦးတေဇသည် မကြာသေးမီက အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး တန်ပြန် စီးပွား ရေး ပိတ်ဆို့မည်ဟု The Future Myanmar Business Report မဂ္ဂဇင်းနှင့် တွေဆုံ မေးမြန်းခန်းတွင် ဖြေဆိုခဲ့သူဖြစ်သည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment