http://ehkhaungthaunt.blogspot.com/
ကေအဲန်ယူ၊ ဘိတ် ထားဝယ်ခရိုင်၊ (တပ်မဟာ ၄) နယ်မြေတွင် ဖော်ဖော်ဝါရီလ ၅ရက်နေ့က ကေအဲန်အယ်လ်အေ တပ်နှင့် နအဖတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ နအဖဘက်မှ ၅ယောက် သေဆုံးပြီး ၃ယောက် ဒဏ်ရာ ရရှိခဲ့သည်ဟု တပ်မဟာ၎ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဘိတ်ထားဝယ် အခြေစိုက် တပ်မဟာ ၄တပ်ဖွဲ့ဝင်များ။
ကေအဲန်အယ်အေ တပ်မဟာ ၄လက်အောက်ခံ တပ်ရင်း ၁၀မှ တပ်ခွဲ ၁၊ တပ်ခွဲ၂ ပူးပေါင်းတပ်ဖွဲ့နှင့် နအဖခြေလျင်တပ်ရင်း ၅၈၅စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားကြ ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသွားသည့် နအဖတပ်ဖွဲ့တွင် ဆက်သွယ်ရေး စက်ကိုင် တဦးနှင့် အရာရှိငယ်တဦးတို့ ပါဝင်သည်ဟုလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာကတော့ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၊ လူးဒိုစိုးမြို့နယ်၊ ထားဝယ်ခီးနယ်မြေမှာ ဖြစ်ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရပါသည်။
ကွယ်ကလူမှ ကိုးကား ဘာသာပြန်ဆိုထားသည်။အဲခေါင်သောင့်







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment