တောင်းတ တဲ့အာသာဝတီပန်း
လွတ်လပ်တဲ့ကမ္ဘာတစ်ဘက်ခြမ်းမှာ
အမျိုးမတူသူတွေနဲ့ 
အယူမတူသူတွေပေါင်းစု
အမိတိုင်းပြည်ကိုကောင်းအောင်ပြုကြတယ်။
လွတ်လပ်စွာ ကွဲလွဲချင်နေကြတဲ့
ပျဉ်ဘိုးနားမလည်နိုင်သေးတဲ့
ဒို့ ကရင်တွေအဖို့ မှာတော့
လူမျိုးစွဲ၊ဘာသာစွဲ၊ပါတီအစွဲတွေနဲ့ 
ကိုယ့်ကျုံးထဲ ကိုယ်ပြန်ဝင်ကာ
ဆင်ကန်းတွေလို တောတိုးကြလေရဲ့။
သက်ကျားအို အာခံတွင်းထဲက
သစ်သီးပေါများတဲ့ဥယာဉ်ကို
စိတ်ကူးယဉ် ယုံစားမိတဲ့
ယုံသူငယ်အဖြစ်ဆိုးလို
တစ်ကောင်ပြီးတစ်ကောင်
ကျားစာဖြစ်သွားတာတောင်
တစ်ကောင်ပြီးတစ်ကောင်
ကျားစာဖြစ်သွားတာတောင်
သေဖေါ်ညှိဘို့ ဆွယ်နေကြသူလဲရှိပါရဲ့
ညီညွတ်မှုကိုလိုချင်ပါတယ်လို့ လည်း
သူတို့ ပါးစပ်တွေကနတ်စကားမြွက်ကြားတတ်သကွဲ့  ။
အမှားသိမှအမှန်နားလည်
အမှန်သိမှအမှားနားလည်။
ဒွန်တွဲနေတဲ့နိယာမကိုဘေးဖယ်ပြီး
သင်တို့ တွေအားလုံးမှန်သူတွေလို့ 
ကိုယ့်ကိုယ်ကိုယူဆနေကြရင်
မြေစာအဖြစ်ခံနေရတဲ့ ဒို့ ပြည်သူမှာတော့
ဒုက္ခရောက်လို့ ဘိုက်မှောက်ကာ
ဘုံပျောက်လို့ အသက်ငင်နေကြပြီး
အသွင်မတူသူတွေ စုကာနေတဲ့
ကမ္ဘာအရပ်ရပ်နဲ့ ကော်သူးလေမှ
မျိုးချစ်ကရင်ဆိုသူတို့ ရေ
မသင့်မမြတ်တဲ့ အကွဲအရှပ်တွေကြားက
မွှေးရနံ့ သင်းပျံ့ တဲ့ ညီညွတ်ရေးပန်းမာလာ
အာသာဝတီ နတ်ပန်းလေးတစ်ပွင့်
မျှော်လင့်နေတဲ့ ဒို့ ပြည်သူအတွက်
အားနာစွာနဲ့ ပွင့်တန်ကောင်းပါရဲ့နော်။
(သူရေ၀့်ဖေါင်)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment