၎င်းက"ဒီမနက် ၇ နာရီကစပြီးကျနော်တို့ ချောင့်ခက်စခန်းရှိတဲ့နယ်မြေကို နအဖ တပ်တွေက ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးတွေနဲ့ပစ်တာ အလုံး ၁၀၀ ကျော်သွားပြီ၊ အခုမွန်းလွှဲ ၃ နာရီ ခွဲ ရှိပြီ၊ တိုက်ပွဲကမပြီးသေးဘူး၊ တိုက်ပွဲက ထိပ်တိုက် ရင် ဆိုင် တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့စခန်းကို နအဖ တပ်တွေက အနောက်ကနေ၀င်တိုက်ဖို့ ထိုင်းဘက်ခြမ်း ချောင့်ခက်ရွာကနေ အရပ်ဝတ်တွေနဲ့ဝင်ပြီး တိုက်တာတွေရှိတယ်၊ တိုက်ပွဲကတော့ တိုက်နေတုန်းပဲ၊ စခန်းကိုတော့ထိန်းထားနိုင်ပါတယ်" ဟု ပြောဆိုသည်။နအဖ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ခြမ်းမှ ၀င်ရောက်ခဲ့မှုကို ထိုင်း နယ်ခြားစောင့် တပ်များက တစုံတရာ ဟန့်တား အရေးယူမှုများ ပြုလုပ်ခြင်း မရှိဟုလည်း ဗိုလ်မှူးကြီး ကျော်သက်က ဆက်လက်ပြောကြားသည်။
တိုက်ပွဲတွင် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခမရ ၅၄၆-၅၄၈- ၅၄၉ နှင့် စကခ ၉ လက်အောက်ခံ ၃၅၆-၃၅၇ တပ်ရင်းများ၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ပါရှိ ပြီး နအဖ ဘက်မှ တပ်ခွဲမှူးတဦး အပါအ၀င် ၁၄ ဦး ကျဆုံး၍ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု DKBA ဘက်က ပြောသည်။
တိုက်ပွဲ၌ ထိခိုက်ဒဏ်ရာရရှိသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ယနေ့တွင် တဦးမျှ ရောက်ရှိလာခြင်းမရှိဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ကုသဌာနမှ သူနာပြု တဦးက ပြောသည်။
ထိုင်းနယ်စပ် အာဏာပိုင်များက ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နှင့် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ် ပွားသည့်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရရှိခဲ့ကြသည့် နှစ်ဘက်တပ်ဖွဲ့ဝင်များကို ထိုင်းနိုင်ငံတွင်ဆေးဝါးကုသခွင့်နှင့် ထိုင်းနယ် မှ တဆင့် မြန်မာနိုင်ငံ ဘက်သို့ သယ်ဆောင်မှုများကို ခွင့်ပြု ထားသည်။
အဆိုပါ ဒေသတွင် တာဝန်ကျသည့် ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် တပ်ကြပ်တဦးက ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲမှာပြင်း ထန် သော်လည်း ထိုင်းနိုင်ငံဘက်သို့လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းမရှိကြောင်းနှင့် နအဖ တပ်ဖွဲ့ဝင်များထိုင်းဘက်မှ တဆင့် မြန်မာဘက်ကူးကာ DKBA ကို ၀င်တိုက်သည့်ကိစ္စကိုလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
ယနေ့ဖြစ်ပွားသည့်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းရှိ ချောင့်ခက်နှင့် အူးကလေးထာ့ ရွာများ မှ ရွာသား ၂၀၀ ကျော်ထိုင်း
နိုင်ငံ ဖုတ်တရ မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ DKBA အဖွဲ့က နအဖ တပ်ဖွဲ့ဝင် သုံ့ပန်းတချို့နှင့် လက်နက်ကြီးကျည် တချို့ဖမ်းဆီး ရမိ ထားသည်ဟု ဗိုလ်မှူးကြီးကျော်သက်ကပြောသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment