ဒီကေဘီအေ ကလိုထူးဘောစစ်ဗျူဟာမှ နေရာယူတပ်စွဲထားတဲ့ ချောင့်ခက်အနီးက ဘောပူကျိုးနေရာကို ဒီမနက်မှာ နအဖတပ်တွေ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီမနက်မှာ လက်နက်ကြီး အလုံရေ ၁၀၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ မိုးချုပ်ခါနီးအထိ တိုက်နေ တုန်းဖြစ်တယ်။ ပထမပိုင်း လက်နက်ကြီးတွေနဲ့ ဖိပစ်ပြီး မြေပြင်က သူတို့တပ်တွေတက်လာကြတယ်။ နအဖ ဘက်က စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ တပ်ရင်းတွေပေါင်းပြီး လာတိုက်ကြတာ ဖြစ်တယ်။ ခု ညနေပိုင်း ကျနော်တို့ ကြာသိရသလောက်တော့ နအဖ ဘက်က ၂၀ ဦးခန့် ဒါဏ်ရာရပြီး ၁၀ ဦးလောက် သေတယ်လို့ ကြားသိရတယ် လို့ ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။
ဒီနေ့ မနက် ဝေါ်လေနားက မော်ခီးဘက်မှာလည်း ဒီကေဘီအေနဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီပွဲမှာ တော့ နအဖ ဘက်က ၂ ဦး သေဆုံးပါတယ်။ ဒီကေဘီအေ ဘက်က ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်ဆန်းအောင် က တဆက်တည်း ပြောပြပါတယ်။
နှစ်ဘက်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဝေါ်လေနဲ့ ကျောက်ခက်အနီးဝန်းကျင်က ဒေသခံရွာသားတွေဟာ ဘေလွတ်ရာ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရပါတယ်။ နအဖ ဘက်က ထိုးစစ်မှာ အသုံးပြုဖို့ခေါ်လာတဲ့ မြန်မာနိုင်ငံအနှံ့ထောင်တွေက အကျဉ်းသားပေါ်တာတွေဟာလည်း နအဖ စစ်ကြောင်းတွေဆီကနေ အဆက်မပြတ် ထွက်ပြေးပြီး နီးစပ်ရာ ထိုင်းနိုင်ငံရဲ့ တောတောင်တွေထဲမှာ ပြန့်နှံ့ရောက်ရှိနေကြပါတယ်။
နေ့သစ် မှ ...

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment