
အမျိုးအစား ။ ။ ခိုသွေးရောင် ပတ္တမြား
အလေးချိန် ။ ။ ၆၅ ကလပ် (၁၂.၉၃၄ ဂရမ်)
ထုထည် ။ ။ ၃.၁၅ စင်တီမီတာစကွဲ
မာခြင်းအဆင့် ။ ။ ၉
အထက်ဖော်ပြပါ အချက်အလက်အရ ကမ္ဘာ့အကြီးဆုံး ခိုသွေးရောင် သန့်စင် ပတ္တမြားကို တရုတ်နိုင်ငံ ဟိုင်းခုံမြို့မှ ခေါင်းဖြူအဖိုးကြီး ပိုင်ဆိုင်နေသည်ကို စီစီတီဗီ သတင်းဌာန ကဖော်ပြသွားသည်။
ထိုအဖိုးကြီး၏ ပြောပြချက်အရ သူသည် ၂၀၀၆ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ရန်ကုန် ကျောက်ဈေးကွက် လေ့လာရန် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကျာက်ကို ရန်ကုန်ကျောက်ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှ ရခဲ့ကြောင်း၊ ထိုအချိန်တုန်းက ခိုသွေးရောင် ပတ္တမြားမျိုးကို မည်သူမျှစိတ်မဝင်စား၍ အမှတ်တရ ပစ္စည်း လက်ဆောင်အဖြစ် သိမ်းဆည်းရန် ဈေးပေါပေါနှင့် ရခဲ့ကြောင်း သတင်းအင်တာဗျူးတွင် ပြောပြခဲ့သည်။
ယခု ၂၀၁၁ တွင် ကျွမ်းကျင်သူ ကျောက်ကုန်သည်ကို ပြသရာ ကုန်သည်က ချက်ချင်း ယွမ် ၁ သန်းပေးသည်။ သင်္ကာမကင်း ဖြစ်၍ သက်ဆိုင်ရာများနှင့် သုသေတီများကို ပြသရာတွင် နောက်ဆုံး၌ ကမ္ဘာအကြီးဆုံး သန့်စင် ခိုသွေးရောင် မိုးကုတ် ပတ္တမြားဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
ယခုအချိန်အထိ တန်ဖိုးဘယ်လောက် ဖြတ်ရမည်ကို မသိသေးပါ။ ပိုင်ရှင်က မရောင်းဘဲ ပြတိုက်တွင် ထားရှိရန် ရည်ရွယ်သည်ဟု သိရသည်။
(ကျနော်၏ ၂၀၀၆ ခုနှစ်ဝန်းကျင် ကျောက်ရောင်းဝယ်ရေး အတွေ့အကြုံအရ အမှန်တကယ်တွင်မူ ထိုတရုတ်အဖိုးကြီးသည် ပတ္တမြားအား ရန်ကုန်တွင် ဝယ်ခဲ့ခြင်း မဖြစ်နိုင်၊ သူကိုင်တိုင် မိုးကုတ်သို့ သွားရောက်၍ တရားမဝင်ဝယ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။)
ဝင်းလက်
Ref: http://news.hainan.net/ 2011-1-26 13:56:00






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment