အခုရက်ပိုင်းတွေအတွင်းမှာ ဒီကေဘီအေနဲ့ နအဖ တပ်တွေရဲ့ တိုက်ပွဲတွေဟာ  ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး နအဖ ဘက်က အင်အားအလုံးအရင်းနဲ့  ဖြန့်ခွဲအသုံးပြုတာတွေ့ရပါတယ်။ ဒီနေ့မှာဆိုရင်လည်း အုံးဖန်နဲ့ ကလော့ထော့  အနီးက ချူကလီရွာနားမှာလည်း ဒီမနက် ၈ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ဒီကေဘီအေ တပ်ဖွဲ့တွေက ချုကလီရွာအနီးမှာ နအဖ တပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နအဖ ဘက်က ၈ ယောက် သေဆုံတယ်လို့ သိရှိရပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့ လေးဒေး နေရာမှာဖြစ်တဲ့ တိုက်ပွဲမှာလည်း နအဖဘက်က  ထိခိုက်သေဆုံး ၅၀ ရှိခဲ့ပြီး အဲဒီထဲကမှ ၂၀ ယောက်ဟာ ဒဏ်ရာပြင်းထန်ရခဲ့တဲ့  အပြင် အကျဉ်းသားတွေကို အထမ်းသမားအဖြစ်ပါလာတဲ့ သူတွေထဲက ၆ ဦးလည်း  သေဆုံးခဲ့တယ်လို့၊ သိရပါတယ်။ ဒီကေဘီအေဘက်က တဦး ဒဏ်ရာနဲ့ ၁ ဦး  ကျဆုံးခဲ့ပါတယ်။
အခု နအဖ ရဲ့ ထိုးစစ်အတွင်းမှာ နအဖ စစ်သားအင်အား  အလုံးအရင်းနဲ့သုံးတဲ့အပြင် အင်းစိန်၊ မော်လမြိုင်၊ ဘားအံတောင်ကလေးက  အကျဉ်းသားတွေကို လူသားမိုင်းရှင်အဖြစ်ရယ် အထမ်းသမားအဖြစ်ရယ်ပါ  တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာတွေကို ယခုဖြစ်နေတဲ့ ဝေါ်လေ နဲ့ ဖလူးဒေသက နအဖ  ထိုးစစ်တွေမှာ တွေ့မြင်ကြုံတွေ့နေရတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment