11 January 2011

ချစ်သူ သို့

ချစ်သူသာပါမယ်ဆိုရင်

ရည်ရွယ်ချက်တွေကိုရှေ့တန်းတင်

ယုံကြည်ချက်တွေကို ဆုတ်ကိုင်ထားမယ်

တောင်းတတဲ့ အရာမှန်သမျှ မရရအောင်

ဖြစ်ချင်တာကိုလည်း အားမာန်ခဲပြီး

နှလုံးသားရဲ့တောင်းဆိုချက်ကို ဖွင့်အန်ချပြီး

ကြုံလာမဲ့ အခက်ခဲမှန်သမျှကို လမ်းခင်းလျှောက်မယ်

ဘယ်လောက်ကြမ်းတမ်းပါစေ။

ခံစားရမဲ့ ဝေဒနာတွေကို မျက်ရည်မကျအောင်

အတိတ်ကိုထားခဲ့ပြီးမှာ့

ချစ်သူ


လင်းလက်နေတဲ့ အနာဂတ်ကို

အတူလျှောက်လှမ်းရအောင်လား....

နန်းယမင်း

0 kommentarer:

Post a Comment