ဆုံဆည်းရာ၊ ၂၇ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၁ နာရီ ၅၅ မိနစ်) ယနေ့မနက်ပိုင်း ၁၁ နာရီဝင်းကျင်လောက်တွင် ယမန်နေ့တိုက်ပွဲတွင် နအဖ ဘက်မှ သေဆုံးသွားသော အရာရှိအရာခံ အကြပ် စစ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာ ရသူများကို နောက်တန်းသို့ ပြန်လည်ပို့ဆောင်နေပါတယ်။ ထိုသို့ပို့ဆောင်ရာ ခရီးလမ်းတလျှောက် တိုက်ပွဲများ မဖြစ်ပွားစေရန် နအဖ ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးအမြောက်တွေနဲ့ ကာပစ်ဆုတ်ခွာ ပို့ဆောင်နေတယ်လို့ သိရှိရပါတယ်။
နံနက် (၁၁ နာရီ ၅၀ မိနစ်) ယမန်နေ့တိုက်ပွဲမှာ နအဖ စစ်သား တပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက်ကို တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ အန်အေ ၇ (ဆဲဗင်း) နှစ်လက်နှင့်တကွ အဆိုပါ စစ်သုံးပန်း နှစ်ယောက်ကို လက်ရ ဖမ်းမိခဲ့တာပါ။ ယမန်နေ့က တိုက်ပွဲမှာ နအဖ ဘက်က အရပ်ဝတ်တွေ ၀တ်ဆင်ပြီး ထိုင်း ဘက်ကမ်း ချောင့်ခက်ရွာဘက်မှ မြန်မာဘက် ကမ်းကို ကူးဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။
နံနက် (၁၁ နာရီ ၃၀ မိနစ်) ယမန်နေ့မနက်ပိုင်းက ညနေပိုင်းအထိ ဝေါ်လေနားက မော်ခီး၊ ချောင့်ခက်အနီးက ဘောပူကျိုးနေရာ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲများမှာ နအဖ ဘက်က ၂၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာများပြားခဲ့တယ်လို့ သိရပါတယ်။ နအဖ ဘက်က စကခ (၁၂) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉) နှင့် စကခ (၉) လက်အောက်ခံ ခမရ (၃၅၆)၊ ခမရ (၃၅၇) တပ်ရင်းများဖြင့် ကျောက်ခက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး အင်အား ၂၀၀ ကျော် ပါရှိကြောင်း သိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment