http://ehkhaungthaunt.blogspot.com/
နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းခံရပြီး ဖြစ်သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် မလုပ်လို ကြသူ အများအပြား ကေအဲန်ယူနှင့် ပူးပေါင်းသည့်နှုန်း ပိုမို များပြားလာသည့် အပေါ် နယ်ခြားစောင့်တပ် ခေါင်းဆောင်များကို နအဖစစ်တပ်မှ ဖိအားပေး အကြပ်ကိုင် မှုတွေ ပြုလုပ်လာသည်ဟု သိရှိရသည်။
ထိုသို့ အကြပ်ကိုင်ရာတွင် သက်ဆိုင်ရာ နယ်ခြားစောင့် တပ်ရင်း အလိုက် ကိုယ်လူ ကိုယ်ထိန်းပြီး ထိထိရောက်ရောက် ကိုယ်တွယ်သွားရန်နှင့် ထိရောက်စွာ ကိုင်တွယ်မှု မပြုလုပ်ပါက လက်နက်ဖြုတ် သိမ်းမည်စတဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှု အပါအ၀င် တခြား လုပ်ပိုင်ခွင့်များကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်လာသည်ဟု နယ်ခြားစောင့် တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
သိမ်းမည်စတဲ့ အကြပ်ကိုင် ခြိမ်းခြောက်မှု အပါအ၀င် တခြား လုပ်ပိုင်ခွင့်များကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်လာသည်ဟု နယ်ခြားစောင့် တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
ဒါ့အပြင် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သည့် ဒီကေဘီအေကို နအဖမှ စစ်ဆင်ရေး ပြုလုပ်ရာတွင် ထိခိုက်ကျဆုံးမှုများလာသဖြင့် ၄င်းတို့နှင့် ပူးတွဲစစ်ဆင်ရေး ပြုလုပ်နေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို မယုံသင်္ကာမှုတွေ ရှိလာသဖြင့် စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်လာသည်ဟု သိရှိရသည်။
နအဖစစ်ကြောင်း ချီတက်မည့် လမ်းတွေကို နယ်ခြားစောင့်တပ်တွေ ကိုယ်တိုင် မြေမြုတ်မိုင်း ပြန်ထောင်ထားမှု၊ မိုင်းထူထပ်စွာချထားသည့် မိုင်းတောထဲကို လမ်းပြသွားစေမှုနှင့် ပြောက်ကျားစစ် အတိုက်ခံရလွယ်သည့် နေရာများကို သွားရောက်စေပြီး ၄င်းတို့ကိုယ်တိုင် ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့နဲ့ နားလည်မှုယူထားမှုကြောင့် ယခုလို နအဖဘက်မှ ထိခိုက်ကျဆုံးမှုများရခြင်းဖြစ်သည် ဆိုသည့် စွပ်စွဲသံတွေ ထွက်ပေါ်လာပြီး သက်ဆိုင်ရာကိုလည်း စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေသည်ဟုလည်း သိရှိရသည်။
“ကရင်အချင်းချင်းဆိုတော့ သူတို့ မယုံဘူးလေ။ နောက်ထိလိုက်ရင်လည်း သူတို့လူပဲ၊ ဘီဂျီအက်ဖ်က ထိတာမှ မကြားဖူးသေးတာ။ တိုက်တာတော့ တူတူပဲ။ အခုဘီဂျီအက်ဖ်ကို အားမကိုးပဲ တိုက်ဖို့ လုပ်နေတယ်” နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက ပြောဆိုသည်။
ဗိုလ်နှုတ်ခမ်းမွေး၏ ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ မြ၀တီ၊ ဘုရားသုံးဆူမြို့တိုက်ပွဲအပြီး ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဖလူး၊ ဝေါ်လေနယ်မြေရှိ တိုက်ပွဲများတွင် နယ်မြေ ကျွမ်းကျင်သည့် ဘီဂျီအက်ဖ် တပ်ဖွဲ့များကို လမ်းပြအနေဖြင့် နအဖမှ ၄င်းတို့ စစ်ဆင်ရေးအတွက် အသုံးပြုခဲ့သည်။
နအဖစစ်တပ်နှင့် ပူးတွဲစစ်ဆင်သူများမှာ ဗိုလ်မုတ်သုံ ဦးဆောင်သည့် နယ်ခြားစောင့်တပ် ၁၀၂၂တပ်မှ ဖြစ်ပြီး အဆိုပါတပ်ဖွဲ့ဝင်များဟာ ယခင်ဗိုလ်နှုတ်ခမ်းမွေး လက်အောက် ဒီကေဘီအေ တပ်မဟာ ၅တပ်ဖွဲ့ဝင်များဖြစ်ခဲ့သည့် အပြင် ဗိုလ်မုတ်သုံဟာလည်း ဗိုလ်နှုတ်ခမ်းမွေးနှင့် ယောက်ဖ တော်စပ်သူတဦး ဖြစ်သည့်အပေါ် နအဖဘက်မှ မသင်္ကာစိတ် ပိုရခြင်းလည်း ဖြစ်နိုင်သည်ဟု အကဲခတ်သူများက ဆိုသည်။
လွန်ခဲ့သည့် ၂၀၁၀ သြဂုတ်လမှ စတင်မှ ဒီကေဘီအေကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းအပြီး နယ်ခြားစောင့်တပ်မလုပ်လိုသူအများအပြား ကေအဲန်ယူ တပ်မဟာ ၁၊ ၆၊ ၇၊ ၅နယ်မြေအတွင်းရှိ ကေအဲန်အယ်လ်အေ တပ်နှင့် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ထံတွင် လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့သည်။
တပ်မဟာ အလိုက် လာရောက်ပူးပေါင်းသည့် စာရင်းအတိအကျကို မသိရှိရသေးသော်လည်း ကေအဲန်ယူ တပ်မဟာ ၇တခုတည်းတွင်ပင် လွန်ခဲ့သည့် လက အယောက်၂၀နှင့် ယခုလ တတိယပတ်အထိ အယောက် ၄၀ခန့်ရှိသည်ဟု အာအက်ဖ်အေသတင်းမှာ ဖော်ပြထားသည်။
အဆိုပါ ပူးပေါင်းသူများတွင် တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ဦးအပါအ၀င် နယ်ခြားစောင့်တပ်တွင် အသက်ကြီးသဖြင့် ပါဝင်ခွင့်မရသူ ယခင်ဒီကေဘီအေ တပ်ရင်းမှူးတဦးလည်း ပါရှိသည်ဟု စုံစမ်းသိရှိရသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment