RFA သတင်း
မြန်မာ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေအကြား နေ့စဉ်ရက်ဆက်  ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာလည်း  တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ခေါင်းဆောင်  ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။
      တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ  ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏  နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅  တပ်မှူး ဖြစ်ပါသည်။ (RFA)
ဒီအတောအတွင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ မြန်မာစစ်အစိုးရတပ်တွေက ရိက္ခာ သယ်ယူရေးအတွက် ဒေသခံရွာသားတွေကို အဓမ္မ ပေါ်တာဆွဲနေတယ်လို့ သိရပါတယ်။ မာနယ်ပလောဒေသ ဆင်ဖြူတောင်စခန်း အခြေစိုက် ခမရ ၃၃၈ က လှိုင်းဘွဲ့မြို့နယ်အတွင်း ဝိုင်းတော်၊ ကွန်းဒေါ၊ ကြာအင်း၊ ဝါးဂုတ်တော စတဲ့ ကျေးရွာတွေက ရွာသား ၂၀၀ ကျော်ကို အခု ရက်ပိုင်းအတွင်း မလိုက်မနေရ ခြိမ်းခြောက်ပြီး ပေါ်တာဆွဲသွားခဲ့တယ်လို့ ကေအန်ယူ ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်ဧက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်ဒေသမှာတော့ ဒီကနေ့ စစ်အစိုးရတပ်တွေဘက်က ကေအန်ယူ တပ်မဟာ ၆ တပ်တွေ ရှိတဲ့ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ရှိခဲ့ပေမဲ့ ထိခိုက်မှု မရှိဘူးလို့ ဒေသခံ ကေအန်ယူ အရာရှိတွေက ပြောပါတယ်။ အဲဒီ ဒေသမှာ ဒီကေဘီအေနဲ့ မြန်မာစစ်အစိုးရ တပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်တွေဖက်က ၈ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကေဘီအေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီကေဘီအေနဲ့ မြန်မာ စစ်အစိုးရတပ်တွေအကြား ဒီကနေ့ တိုက်ပွဲဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment