http://www.naytthit.net/
                                         ဒီကနေ့ မြဝတီတောင်ဘက် ဖလူးလေး ဘုရားကုန်းမှာ ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းတွေနဲ့ စကခ ၁၂ လက်အောက်ခံ ခမရ ၃၁၀ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီကေဘီအေ ဗျူဟာမှူး ဗိုလ်ကျော်သက် ပြောပြတာက …
မနက် ၁၁ နာရီမခွဲခင် ဖလူးလေးဘုရားကုန်းနားမှာ ဒီကေဘီအေဘက်က ဗိုလ်ဗလာဏ နဲ့ ဗိုလ်စောချစ် တို့ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ ခမရ ၃၁၀ တပ်ကို စောင့်ကြိုပြီး ပစ် ခတ်တိုက်ခိုက်လိုက်တာပါ။
တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာမယ်၊ နအဖ ဘက်က ၆ ယောက်ကျဆုံးတယ် ၁၃ ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲပြီးတဲ့အချိန်မှာ တက်လာတဲ့ နအဖ တပ်တွေ ပြန် ဆုတ်ခွာသွားတယ်” လို့ ပြောပြသွားပါတယ်
၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၇ ရက် ကတည်းက စလိုက်တဲ့ နအဖ စစ်အုပ်စုတပ်တွေနဲ့ DKBA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ ကရင်ပြည်နယ် မြ၀တီနဲ့ ကော့ကရိတ်မြို့နယ်ထဲက ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်နဲ့ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆိုက်တိုက်ဆိုလို ဖြစ်ပွား ပြန့်နှံ့လျက်ရှိပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment