ဆုံဆည်းရာ၊
နေ့လည် (၁၂ နာရီ ၄၀ မိနစ်) ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။
နေ့လည် (၁၂ နာရီ ၂၀ မိနစ်) ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
နေ့လည် (၁၂ နာရီ) ဝေါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment