30 December 2010
နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်း အကြောင်းတစ်စေ့ တစ်စောင်း....
သတင်း.. ဒီမိုဝေယံ။
မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံမှာ လျှို့ဝှက်စီမံကိန်းတွေ တည်ဆောက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ သယံဇာတ ပစ္စည်းတွေရဲ့ ရောင်းရငွေ အထူးသဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ရရှိတဲ့ ပြည်သူပိုင် တိုင်းပြည်ဘဏ္ဍာငွေတွေကို တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးစားရိတ်ဟာ အင်မတန်မှ နည်းပါးနေပြီး စစ်တပ်အသုံးစားရိတ် ကတော့ကြောက်ခမန်းလိလိပါဘဲ...။ ယခုနှစ်ဇွန်လက ပေါက်ကြားခဲ့တဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်းရဲ့ စစ်အစိုးရရဲ့ နျူကလီးယား လျှို့ဝှက်စီမံကိန်းများအကြောင်း ဖွင့်ဟထုတ်ဖော် ခဲ့တဲ့ အဖြစ်အပျက်ဟာလည်း စစ်အာဏာရှင်တွေရဲ့ အရှိုက်ကို ထိစေခဲ့ပါတယ်..။
စကားချပ် (အဆိုပါ သပိတ်ကျင်း နျူကလီးယား စီမံကိန်းအား ယခုအခါ ရပ်နားထားကြောင်း သိရှိရပါတယ်)။ ဒီလျှို့ဝှက်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး နောက်တပ်လာမယ့် အရေခြုံအရပ်သား အစိုးရတစ်ပိုင်း ကြံ့ဖွံ့ကို အတိုက်အခံ လုပ်မယ်ဆိုသူများကကော လွှတ်တော်ထဲမှာ ဘယ်လောက် အတိုင်းအတာထိ ပြောနိုင်မယ်.. ဆိုနိုင်မယ်.. ဆိုတာကတော့ သံသယဖြစ်ဖွယ်ပါပဲ။ ယခုလတ်တလော ရရှိထားတဲ့ သတင်းတွေထဲက မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းက တရုတ်ပညာရှင်တွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လေယာဉ် စက်ရုံ စီမံကိန်းအကြောင်းတင်ပြလိုက်ရပါတယ်..။
မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း) အတွင်းမှာပဲ တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံများကို ဆောက်လုပ်နေပါတယ်..။ အဆိုပါလေတပ်စခန်းအတွင်းမှာ လောလောဆယ် ဆောက်လုပ်နေတဲ့ စက်ရုံပေါင်း (၇၀)ကျော်ရှိတယ်လို့ ဆိုပါတယ်..။ လောလောဆယ် တရုတ်ကလာတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တပ်ဆင်ထုတ်လုပ်တာတွေကို လုပ်ကိုင်နေပေမယ့် နောက်ပိုင်းမှာ အဆိုပါလေယာဉ်များအား ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။
တပ်ဆင်ပြီးလေယာဉ်များကိုတော့ မိတ္ထီလာ (ရှမ်းတဲလေတပ်စခန်း)မှ လေတပ် လေယာဉ် Pilot များမှ စမ်းသပ်မောင်းနှင်ရပါတယ်..။ အဆိုပါ ပစ္စည်းတွေတပ်ဆင် ထုတ်လုပ်တာတော့ မိတ္ထီလာ ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ) (၁)နဲ့ (၁၀)ကပါ..။ ကပစမှာ အသေးစားနဲ့ အကြီးစားဆိုတာ နှစ်မျိုးရှိပြီး လောလောဆယ် .. လေယာဉ်တပ်ဆင်စက်ရုံကအစ ယူကရိန်းနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့.. တင့်ကားစက်ရုံတွေအထိ လျှို့ဝှက်လုပ်ကိုင်နေပါတယ်..။ ခုလောလောဆယ် ပြည်ပကို ပို့ဖို့အတွက် Export Ware House ဋ္ဌာနအထိ လုပ်ကိုင်ဆောင်ရွက်နေပါပြီ..။
အဆိုပါ လေယာဉ်တပ်ဆင် စက်ရုံအတွက် လိုအပ်တဲ့ အစိတ်အပိုင်းအများအား တရုတ်မှ ကွန်တိန်နာလိုက် ဝယ်ယူပြီး ပြန်လည်တပ်ဆင်ပါတယ်..။ နောက်ဆုံးအဆင့် အဆိုပါလေယာဉ်များအား တစ်ပုံစံတည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် စက်ရုံများ ဆောက်လုပ်နေပါတယ်..။ ဆက်လက်ပြီး မောင်းသူမဲ့ လေယာဉ်များအား ထုတ်လုပ်နိုင်ရန် စမ်းသပ်လျှက်ရှိကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အထူးစိတ်ဝင်စားလျှက်ရှိပြီး... ယခုနှစ်အတွင်း (၇)ကြိမ်ထက်မနည်း လာရောက်ကြည့်ရှုခဲ့ပါတယ်.။ .. ပြီးခဲ့တဲ့ (၁)လခွဲခန့်က တပ်ချုပ်ကြီးမှ နောက်ဆုံးအကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရပါတယ်..။ အဆိုပါ စီမံကိန်းများရဲ့ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ယခင်ဗိုလ်ချုပ်ကြီးတင်အေးမှ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး.. ယခုလက်ရှိ ထုတ်လုပ်ရေးအရာရှိချုပ်ကတော့ ဗိုလ်ချုပ်သိန်းထိုက်ဖြစ်ပြီး.. သူ့လက်အောက်မှာ ဒုထုတ်လုပ်ရေး အရာရှိချုပ်ကတော့ ဗိုလ်ချုပ်အောင်မျိုးမင်းဖြစ်ပါတယ်..။
သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။
ပြည်တွင်းမှာ ဗိုလ်မှုးစိုင်းသိန်းဝင်းကဲ့သို့ အမြင်ကျယ်ပြီး တိုင်းပြည်တိုးတက် စေချင်တဲ့ မျိုးချစ်စစ်သည်များ အများအပြားရှိပါတယ်..။
Etiketter: မြန်မာပြည်ကလာတဲ့စာ
Subscribe to:
Post Comments (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment