ငါ ဒို့..အမျိုးမှန် အဖိုးတန်သည်ကို
ငါတို့ သက်သေပြရတော့မည်
ငါတို့ လူမျိုး...အဖိနှိပ်ခံဘဝ
မလွဲဧကန် လွတ်မြောက်စေဖို့
ငါတို့ သွေးစည်းကြရတော့မည်
ငါတို့တွေသည်...မှန်ကန်စိတ်ထား
ရှိသော်ငြားလဲ...မဟုတ်မခံ..
ကရင့်မာန်ကို....ခုတုံးသုံးကာ
ချောက်တွန်းချခဲ့သည်.....
တစ်မျိုးသာလုံး အသိပင်
ငါတို့ရဲ့ အမှောင်ည
အလင်းတန်းတွေ ဝေဖြာစေဖို့
ငါတို့ရဲ့လူမျိုးတွေ
အသက်..သွေး ချွေးများနှင့်
စတေးခဲ့ကြသည်မှာ ငါတို့အသိပင်
ငါတို့တွေရဲ့ အနာဂါတ်.
ငြိမ်းချမ်းလှပစေဖို့
.ငါတို့တိုင်းရင်းသားတွေ
သွေးစည်းညီညွတ်ချိန်...ရောက်နြေ
ငါတိုရဲ့ မျော်လင့်ချက်တွေ
မြေ၀ယ်မခ စေဖို့ လုံ့လ ဝိရိယနဲ့
သက်သေပြ ကြိုးစားရဖို့
ငါတို့ရဲ့ ယုံကြည်ချက်.
ရောင်နီချိန် ..သန်းလာပြီိမို့
ငါတို့ တိုင်းရင်းသားတိုင်း
တာဝန်နဲ့ အသိရှိရတော့မယ်
ငါတိုရဲ့ စည်းလုံးမူ့နဲ့
ငြိမ်းချမ်းတဲ့...ဘ၀တွေကို
တည်ဆောက်နိုင်ဖို
အမိ ဇွဲကပင်..တောင်တော်ကြီးက
အပြုံးတွေနဲ့ ဆီးကြိုနေပြီ
ငါတို့ရဲ့.. ဖားစည်သံ
မြန်ပြည်တခွင် မြည်ဟီးနိုင်ဖို့
ငါတို့အာလုံး သွေးစည်းညီညွတ်ကြပါစို့...... နန်းယမင်း
မြန်မာနိုင်ငံ တိုင်းရင်းသားထဲမှာ မဆလ နဝတ နအဖ ကပင်စပြီး ခေတ်အဆက်ဆက် ပြည်တွင်းစစ်ကို ခါးခါးသီးသီး ခါးစည်းပြီးခံလာခဲ့ရတယ် ဒီနေ့ထိပါဘဲ ဒါကို ကရင်တွေမေ့လို့မဖြစ်ဘူး ဆိုတာ ကရင်ပြည်သူအစား ကျမပြောလိုက်ရခြင်းဖြစ်ပါတယ် ရှေ့ကဖြစ်ခဲ့တာတွေကို သင်္ခန်စာယူပြီး လက်ရှိကာလမှာ စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုးအတွက် ဘာလုပ်သင့်တယ်ဆိုတာ
အရေးကြီးပါတယ်။
အရေးကြီးပါတယ်။
စစ်မှန်သည့် လွတ်လပ်မှု့ကို လူမျိုးမခွဲပဲ စည်းစည်းလုံးလုံးနဲ့ မျိုးဆက်သစ် လူငယ်များ
အပါဝင် စစ်အာဏာရှင် စနစ်ဆိုးကြီးကို တွန်းလှန်ဖို့ ဇာတိသွေး ဇာတိမာန် အစဉ်ရှင်သန်ထက်
မြက်ကာ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင် တွန်းလှန်ဖို့ ပြောကြားအပ်ပါသည်.
့
အပါဝင် စစ်အာဏာရှင် စနစ်ဆိုးကြီးကို တွန်းလှန်ဖို့ ဇာတိသွေး ဇာတိမာန် အစဉ်ရှင်သန်ထက်
မြက်ကာ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင် တွန်းလှန်ဖို့ ပြောကြားအပ်ပါသည်.







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment