ယခုလအစောပိုင်းက သျှမ်းပြည်တပ်မတော်နှင့် မိုင်းယောင်း အခြေစိုက်မြန်မာစစ်ကြောင်းတကြောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“တိုက်ပွဲမှာ ဗမာတပ်ဘက် နှစ်ယောက် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်တော့ မသိဘူး” -ဟု အမည်မဖေါ်လို သည့် မိုင်းယောင်းဒေသခံတဦးက ပြောပါသည်။
ဒီဇင်ဘာ ၃ ရက်၌ သျှမ်းပြည်တပ်မတော် အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသ စစ်ကြောင်းတကြောင်းနှင့် ဒေသအတွင်း လှုပ်ရှား သည့် မြန်မာ့တပ်မတော် စစ်ကြောင်းတခုနှင့် မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ၀မ့်လေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ထို့နောက်ပိုင်း အဆိုပါတပ်မှ တပ်သားနှစ်ဦးကလည်း အဲမ်အေ သေနတ်/မိမိနှင့်ဆိုင်သည့် စစ်လက်နက် ပစ္စည်း များကိုယ်စီယူပြီးတပ်မှ ထွက်ပြေးသွားကြောင်း မိုင်းယန်းမြို့ တပ်အသိုင်းအ၀ိုင်းတဦးက ပြောပါသည်။
အမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်ဒေသ စစ်ကြောင်းမှူးတဦးက - တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက် တဦးတယောက်မျှ သေကြေ ဒဏ်ရာရခြင်းမရှိကြောင်း၊ တပ်မှမြန်မာတပ်သား နှစ်ဦးထွက်ပြေး သည်ဆိုသည့်သတင်းလည်း ကြားသိရကြောင်း အတည်ပြုပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း ဒီဇင်ဘာ ၇ ရက်နေ့ သျှမ်းနှစ်သစ်ကူးနေ့၌ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်ကြီး အင်းအားပိုမိုခိုင်မြဲလာစေရန် တပ်သားသစ်လည်း ဆက်တိုက်သင်တန်းပေးနေကြောင်း၊ အနာဂတ်စစ်ရေးလှုပ်ရှားမှုတွင် တောတွင်း၌ တိုက်ပွဲဖြစ်မည်မဟုတ်တော့ဘဲ မြို့ပေါ်သာ ဆင်နွဲဖွယ်ရှိကြောင်း ထိုင်းတီဗွီ၌ ပြောကြားသွားပါသည်။
“တိုက်ပွဲမှာ ဗမာတပ်ဘက် နှစ်ယောက် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်တော့ မသိဘူး” -ဟု အမည်မဖေါ်လို သည့် မိုင်းယောင်းဒေသခံတဦးက ပြောပါသည်။
ဒီဇင်ဘာ ၃ ရက်၌ သျှမ်းပြည်တပ်မတော် အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသ စစ်ကြောင်းတကြောင်းနှင့် ဒေသအတွင်း လှုပ်ရှား သည့် မြန်မာ့တပ်မတော် စစ်ကြောင်းတခုနှင့် မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ၀မ့်လေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် သျှမ်းပြည်တပ်တော်သားများ
အမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်ဒေသ စစ်ကြောင်းမှူးတဦးက - တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက် တဦးတယောက်မျှ သေကြေ ဒဏ်ရာရခြင်းမရှိကြောင်း၊ တပ်မှမြန်မာတပ်သား နှစ်ဦးထွက်ပြေး သည်ဆိုသည့်သတင်းလည်း ကြားသိရကြောင်း အတည်ပြုပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း ဒီဇင်ဘာ ၇ ရက်နေ့ သျှမ်းနှစ်သစ်ကူးနေ့၌ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်ကြီး အင်းအားပိုမိုခိုင်မြဲလာစေရန် တပ်သားသစ်လည်း ဆက်တိုက်သင်တန်းပေးနေကြောင်း၊ အနာဂတ်စစ်ရေးလှုပ်ရှားမှုတွင် တောတွင်း၌ တိုက်ပွဲဖြစ်မည်မဟုတ်တော့ဘဲ မြို့ပေါ်သာ ဆင်နွဲဖွယ်ရှိကြောင်း ထိုင်းတီဗွီ၌ ပြောကြားသွားပါသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment