ဆုံဆည်းရာ၊ ၂ ရက် ဒီဇင်ဘာလ ၂၀၁၀
နေ့လယ် (၁၁ နာရီ ၃၀) ထိုင်းအာဆီယံ သတင်းအေဂျင်စီနဲ့ ဖုန်းအင်တာဗျူး တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအပေါ် ကြင်နာမှု ရှေ့ထားပြီး ကူညီကြဖို့ ထိုင်းပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
- မြန်မာဒုက္ခသည်အရေးကို ကိုင်တွယ် ဖြေရှင်းရတာဟာ ထိုင်းနိုင်ငံအတွက် မလွယ်ကူတဲ့ ကိစ္စ ဖြစ်တယ် ဆိုတာကို နားလည်သဘောပေါက်ကြောင်း၊ မြန်မာဒုက္ခသည်တွေကို အခုအခါ အကူအညီတွေ ပေးနေတဲ့အတွက် ထိုင်းပြည်သူတွေကို အထူး ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်
- မိမိတို့ဟာ ထိုင်းပြည်သူတွေနဲ့ အိမ်နီးချင်း မိတ်ဆွေကောင်းတွေ ဖြစ်လိုတယ်ဆိုတာကို သိစေလိုကြောင်း၊ ဒါ့အပြင် မိမိအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေကို မေ့မထားကြောင်းနဲ့ မိခင်တိုင်းပြည်ကို အမြန်ဆုံး ပြန်လာနိုင်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားပါတယ်။
- လက်ရှိ ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်အစိုးရနဲ့သာမကပဲ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေကြတဲ့ အင်အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ (ကိုးကား - ဘီဘီစီ)
ဗွီဒီယို
နိုဝင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေနဲ့ နအဖ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဖုတ်ဖရတ်ခရိုင် မော်လီချိုင်းကျေးရွာသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ပြေးဒုက္ခသည် အခြေအနေ... (ကိုးကား - ဟံသာဝတီ)
2 December 2010
ယနေ့ သတင်း (၂ ရက် ဒီဇင်ဘာလ ၂၀၁၀)
Etiketter: ရုပ်သံသတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment