http://phutarmite.blogspot.com/

ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်
By နိုင်ကွန်းအိန်
ကြာသပတေး, 02 ဒီဇင်ဘာ 2010
စစ်အစိုးရတပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံတဲ့ DKBA တပ်ကြားမှာ အခုဆိုရင် စစ်ရေးအရ တိုက်ခိုက်မှုတွေ တိုးလာနေပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသဘက်မှာ ဒီလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကြောင့် မိုးတွင်းအချိန် တခုတည်းမှာ အားကိုးစရာ တခုတည်းသာဖြစ်တဲ့ ရေကြောင်းလမ်းကို စစ်အစိုးရဘက်က ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တဲ့အတွက် ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ သွားလာရေး ခက်ခဲသွားသလို ခရီးသွား ကုန်သည်တွေ အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment