http://ehkhaungthaunt.blogspot.com
ကရင်ပြည်နယ် မြ၀တီမြို့တောင်ဖက်မှာ ဒီကေဘီအေတပ်တွေ အဓိက လှုပ်ရှားနေတဲ့  နေရာသုံးနေရာကို တနင်္ဂနွေနေ့ မနက်က စပြီး နအဖတပ်တွေက အပြင်းအထန်  ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ဒီကေဘီအေ ဖက်မှ ထိခိုက်ကျဆုံးမှုတွေ  ရှိခဲ့ပါတယ်။
နအဖရဲ့ ထိုးစစ်မှန်သမျှကို ပြန်လည်တိုက်ထုတ်သွားဖို့ 
စောင့်ဆိုင်းနေတဲ့ ဒီကေဘီအေ ပြောက်ကျားရဲဘော်များ။
ဒီတိုက်ပွဲတွေဟာ  ပြီးခဲ့တဲ့ တပတ်အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပါတယ်။  မြ၀တီမြို့တောင်ဖက် ဖလူးဒေသနဲ့ အဲဒီထက် တောင်ဖက်ပိုကျတဲ့ ကနဲလေးနဲ့  ဖော်ဖကို နေရာသုံးခု တ၀ိုက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေတပ်တွေကို  နအဖတပ်တွေက တပြိုင်နက်တည်း စစ်ဆင်တိုက်ခိုက်ရာမှ  ဒီကေဘီဖေက်က  တယောက်သေဆုံးပြီး တပ်မှူးတဦးအပါအ၀င် ငါးဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ 
စစ်အစိုးရဖက်က  လူများများနဲ့ လက်နက်ကြီးတွေ သုံးပြီး စစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ကြောင်း၊  ဒါပေမယ့် သူတို့ဖက်က လွတ်လပ်မှုရတဲ့အထိ ဆက်တိုက်ပွဲဝင်သွားမယ်လို့  တိုက်ပွဲတွေအတွင်း ဒဏ်ရာရခဲ့သူ ဒီကေဘီအေ ဗိုလ်မှူးက ဘီဘီစီကို ပြောပါတယ်။ 
ဒဏ်ရာရသူတွေကို ထိုင်းဘက်က ဆေးရုံတရုံမှာ ဆေးကုသမှု ပေးထားပါတယ်။
ဒါဟာ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာတဲ့ မူအရဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဝေါ်လေတောင်ဖက်က  မြန်မာဖက်အခြမ်း ယဖေါနဲ့ မဲ့အော်ဟားရွာတွေဖက်မှာ လှုပ်ရှားနေတ့  ဒီကေဘီအေနဲ့ ကေအဲန်ယူတပ်တွေကိုရော တောင်ပိုင်းပိုကျတဲ့ ထိုင်းနိုင်ငံ  အုန်းဖျန်မြို့ နဲ့ မျက်နှာချင်းဆိုင်း မြန်မာဖက်မှာ လှုပ်ရှားနေတဲ့  ဒီကေဘီအေနဲ့ ကေအဲန်ယူတပ်တွေကို ထိုးစစ်ဆင်ဖို့ နအဖတပ်တွေက အဲဒီနေရာတွေဆီ  တက်သွားတဲ့အတွက် နောက်ထပ်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာနိုင်တယ်လို့  ကေအဲန်ယူနဲ့ ဒီကေဘီအေရှေ့တန်းတပ်မှူးတွေက ပြောနေကြပါတယ်။ (ဘီဘီစီ)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment