မိုးသီးဇွန်
မစ္စတာဂျိုးဇတ်ယန်း-Deputy Assistant Secretary for East Asian and Pacific Affairs:
Joseph Y. Yun
Joseph Y. Yun
-WFWW-
အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာန အရှေ့တောင်အာရှရေးရာ နှင့် ပိစ္စိဖိတ်ဆိုင်ရာ ဒုတိယ ၀န်ကြီးရဲ့ လက်ထောက် အရာရှိကြီး မစ္စတာဂျိုးဇတ်ယန်း ဟာ မြန်မာနိုင်ငံ သို့ လေးရက်ကြာ သွားရောက်လည်ပတ်ပြီး နအဖ စစ်အစိုးရ ခေါင်းဆောင်များအပါအ၀င်၊ အတိုက်အခံ ပါတီခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း သံတမန် အသိုင်းအ၀ိုင်းက လာတဲ့ သတင်းများအရ သိရှိရပါတယ်။
မစ္စတာဂျိုးဇတ်ယန်း ဟာ အာရှနှင့် ပိစ္စိဖိတ်ဆိုင်ရာ အရေးများမှာ အမေရိကန် နိုင်ငံခြားရေးဌာန ရဲ့ အဆင့်မြင့်ရာထူး ခန့်ထားခြင်းခံခဲ့ရတဲ့ အာရှ တိုက်သား နှစ်ဦး အနက် တစ်ဦးဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ အာရှရေးရာ နှင့် ပိစ္စိဖိတ်ဆိုင်ရာ ဒုတိယ ၀န်ကြီးရဲ့ လက်ထောက် အရာရှိကြီး ဂျနီဖာ ပတ်ခ်စတော့ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးကို သြဂုတ်လ နှင့် စက်တင်ဘာလများမှာ အမေရိကန်နှင့် အရှေ့အာရှနိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် တာဝန်ပေးခြင်းခံခဲ့ရသူများ ဖြစ်ပါတယ်။
ဂျနီဖာ ပတ်ခ် စတော့-Deputy Assistant Secretary for East Asian and Pacific Affairs:
Jennifer Park Stout
အာရှနိုင်ငံများကို သူတို့နှစ်ဦးရဲ့ သံတမန်ရေးဆိုင်ရာ နည်းလမ်းသစ်များဖြင့် ဘယ်လိုချည်းကပ်မလဲ ဆိုတာကို သံတမန်အသိုင်းက အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်းပြောဆိုနေကြစဉ်မှာပဲ မစ္စတာဂျိုးဇတ်ယန်း ဟာ မြန်မာပြည်သို့ သွားရောက်လည်ပတ်ဖို့ သတင်းများထွက်ပေါ်လာကြောင်းကြားသိရပါတယ်။








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment