http://www.rfa.org/burmese/new
ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မွန်ပြည်နယ် ဘုရားသုံးဆူဂိတ်ကို ၄ နှစ်လောက် ပိတ်ထားခဲ့ရာကနေ ဒီဇင်ဘာ ၇ ရက် မနေ့က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပေမဲ့ အခုရက်ပိုင်းအတွင်း အဲဒီ နယ်မြေတလျှောက်မှာ စစ်အစိုးရတပ်ဖွဲ့တွေ တပ်ရင်းတွေ အလိုက် ထပ်ပြီးတိုးမြင့် ချထားလိုက်တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင် တပ်စွဲထားသော မြန်မာ စစ်အစိုးရ တပ်စခန်းတခုမှ စစ်သားများ ထိုင်းပိုင်နက် နယ်မြေထဲသို့ မှန်ပြောင်းဖြင့် ကြည့်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အထူးသဖြင့် သံဖြူဇရပ်နဲ့ ဘုရားသုံးဆူအကြား ဇမီးချောင်း ရေလမ်းနဲ့ ကုန်းလမ်းတွေကနေ စစ်အစိုးရ တပ်ဖွဲ့တွေကို နေစဉ်လိုလို ပို့ဆောင်နေတယ်လို့ မွန်ပြည်သစ် ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာရဲ့ ပြောဆိုချက်အရ သိရပါတယ် ။
အဲဒီလို စစ်အစိုးရတပ်ဖွဲ့တွေ တိုးမြှင့်ချထားတာဟာ စောလှပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ (DKBA) ခွဲထွက်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်ကူပို့တာ ဖြစ်နိုင်သလို ၊ တဖက်ကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ငြင်းဆန်နေတဲ့ သူတို့ တပ်ဖွဲ့တွေကို ဖိအားပေး ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောပါတယ်။
“ဒါ ကျွန်တော်တို့ကို ဘာ ရည်ရွယ်တဲ့ အင်အား တိုးချဲ့မှု ဖြစ်မလားတော့ ဒါ အတိအကျတော့ ပြောလို့ မရသေးဘူးပေါ့။ ဖြစ်လဲ ဖြစ်နိုင်တာပေါ့ဗျာ။ ဒါပေမဲ့ သတိထားနေပါတယ်။ သတိထားသွားမှာပါ။
သဘောကတော့ တခုပြီးတခု လုပ်မဲ့ ပုံစံမျိုး၊ အဲဒီလိုလားတော့ မပြောတတ်ဖူးပေါ့ဗျာ။ တခုပြီးတခု ဆိုတာက သူတို့ ရန်သူကို တိုက်တဲ့ နေရာမှာ တချိန်တည်းမှာ ရန်သူ သုံး၊ လေးဦးကို တပြိုင်တည်း တိုက်တဲ့ ပုံစံမျိုး မဟုတ်ပဲနဲ့ ဦးတည်ချက် တခုပြီးမှ တခုပေါ့ဗျာ၊ အဲဒီ ပုံစံမျိုးကို ဆိုလိုတာပါ။”
ဒီအကြောင်းနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနဲ့ RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment