http://www.naytthit.net/
ဖလူးကြီး ဖလူးလေးနေရာတွေက ဒီကေဘီအေနဲ့ နအဖ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့ တရက်လုံးနီးပါး ဖြစ်ခဲ့ပြီး ဒီနေ့မနက်ပိုင်း မှာလည်း ထပ်မံဖြစ်ပွားနေပါတယ်။
တိုက်ပွဲအခြေအနေကို ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက….
မနေ့က မနက် ၁၀ က စတိုက်တာ ညနေစောင်း ၅ နာရီလောက်ထိ တိုက်လိုက်နား လိုက် တိုက်လိုက်နားလိုက်နဲ့ပေါ့။ အဲဒီနေ့ကြပြန်တော့လည်း မနက်ကနေ နေ့လည် ၁၁ နာရီလောက်ကြာမယ်။
ခုတိုက်ပွဲမှာတော့ နအဖ ခမရ ၅၄၇ တပ်ရင်းက အရာ ရှိ ဒုတပ် ရင်းမှူး ဒါဏ်ရာပြင်းထန်ရပြီး သေဆုံးသွားတယ်လို့ ကြားတယ်။ နောက်တခုက သူတို့ အရာရှိကျတော့ နအဖတပ်တွေ ကစင့်ကလျားနဲ့ ဖြစ်သွားပုံရတယ်။ တယောက်တကွဲ တွေပြေးကြတယ်ဖြစ်မယ်။ ကရင်ငြိမ်းချမ်းရေးကောင်းစီက ဗိုလ်တဲ့ခီး ရှိတဲ့ နေရာကို နအဖ စစ်သားတွေပြေးတော့ ဗိုလ်တဲ့ခီးတို့အဖွဲ့ တိုက်လွှတ်လိုက်တာ နအဖ ဆီက လက် နက်ငယ် ၂ လက် ရလိုက်တယ်တဲ့။ တပ်မ ၂၂ နဲ့ ၄၄ ကလည်း စစ်ကူလိုက်လာတယ် လေယာဉ်တွေ သုံးမယ်လို့လဲ ကြားနေရတယ်။ လို့ ပြောပြသွားပါတယ်။
လက်နက်ငယ် ၂ လက် ရလိုက်တဲ့ ဗိုလ်တဲခီးအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ က နအဖ စစ်တပ်ရဲ့ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ အရာရှိတဦးဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အရှင်ဖမ်းမိသွားတဲ့ ရဲဘော် ၆ ဦးကိုလည်း နအဖ အဖွဲ့မှ သတ်ပြစ်လိုက်ပြီလို့ ခိုင်လုံတဲ့သက်သေအထောက်အထားများ လည်း တွေ့ရှိနေပြီဖြစ်ပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment