ခိုင်ကျော်လင်းမှ........
၁၄-၁၂-၂၀၁၀ ညနေ ၂း၃၀ မိနစ်တွင် ကျောက်ဖြူမြို့နယ်သိုင်းချောင်းကျေးရွာမှ ၀င်းမောင် အသက်(၂၆) နှစ် အဘ (ဦးပန်းချီးအောင်) နှင့် မိန်းမ ယောင်္ကျား (၉) ဦး နှင့်အတူ စပါးအငှါးရိတ်ရန် စက်လှေ ဖြင့် မအီကျေးရွာသို့အသွား တွင် မင်းကြောင်းတံတားအနီး ၅၄၂ တပ်ရင်းမှ စစ်ဆေးရေးဂိတ်မှစစ်ဆေးရန်ခေါ်ရာတွင် စက်လှေမှ ကြိုးသည် စစ်ဗိုလ်ကို ထိသွားသဖြင့်စစ်ဗိုလ်ကဒေါသထွက်ကာ ၀င်းမောင်ကိုပစ်သတ်လိုက်ခြင်းဖြစ်သည်။ သေနက်ဖြင် ပစ်ခတ် သည့် အတွက် ၀င်းမောင် တွင် (ညာ)ခြေထောက်သေနတ်ထိမှန်ကာ ပြင်ဖြူမော်ကျေးရွာအနီသို့ရောက်ခါနီး သွေးထွက်လွန်ပြီး သေဆုံးသွားသည်။ အလောင်းကို ကျောက်ဖြူ ဆေးရုံ ရင်ခွဲရုံတွင် ရင်ခွဲစစ်ဆေးပြီး ၁၅-၁၂-၂၀၁၀ နေ့ ညနေ ၂း၃၀ အချိန်တွင် သဂြ်ုလ် လိုက်သည် ။ ၀င်းမောင် သေနတ်ပစ်ခံရသည့် အမှု ကို အထက်အရာ ရှိများစစ်ဆေးနေကြောင်းသိရသည်။









စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment