ထိုင်း-မြန်မာနယ်စပ်မှာ ဒီကေဘီအေနဲ့ နအဖစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒုက္ခသည်တချို့လည်း ထိုင်းဘက်ခြမ်းမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
မကြာမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်ခရိုင် ဖလူးနဲ့ ခေသူကလို့ လို့ခေါ်တဲ့ ထိုင်းနယ်စပ်နေရာတွေမှာ စစ်ပြေးဒုက္ခသည်တွေ ၉၀၀ ခန့် ရှိနေဆဲဖြစ်ကြောင်း အကူအညီတွေ သွားရောက်ပေးခဲ့တဲ့ ရွှေတွံတေးဆရာတော်က မိန့်ပါတယ်။
“ဖလူးနဲ့ ကရင်လို ခေသူကလို့ခေါ်တဲ့ နေရာ ၂ ခုမှာ ဒုက္ခသည်တွေ ရှိနေဆဲပဲ။ ခက်တာက ထိုင်းဘက်ကလည်း တိုက်ပွဲတွေ ပြီးပြီဆိုပြီး ပြန်ပို့တယ်။ ဟိုဘက်မှာက တိုက်ပွဲတွေ ဖြစ်နေဆဲဆိုတော့ ဒုက္ခသည်တွေဟာ ဒီဘက်ကို ပြန်ပြန်ပြေးလာနေရတယ်။ ဒီကေဘီအေကလည်း သူတို့ တိုင်းရင်းသားတွေကို မထိစေချင်တော့ ရှောင်ခိုင်းတယ်။ အခု ဖလူးမှာတော့ UNHCR ကလာထိုင်နေတာတွေ့ရတယ်။ ဘုန်းကြီးတို့ကတော့ UNHCR ကိုပြောပြတယ်။ မင်းတို့ ဒီကိစ္စကို ကိုင်တွယ်ပေးမှ ဒုက္ခသည်တွေ သက်သာမယ်။ ငါတို့လည်း တတ်နိုင်သလောက်ပဲ လှူနိုင်တာ ရေရှည်လှူဖို့ တန်းဖို့ဆိုတာ အခက်အခဲရှိနိုင်တယ်လို့ မေတ္တာရပ်ခံခဲ့တယ်”လို့ ရွှေတွံတေးဆရာတော်က မိန့်ဆိုပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက် မဟာချိုင်ခရိုင်မှာ သီတင်းသုံးနေတဲ့ ရွှေတွံတေးဆရာတော်ဟာ တပည့် ဒကာဒကာမတွေရဲ့ လှူဒါန်းမှုတွေကို စစ်ပြေးဒုက္ခသည်တွေဆီ ယမန်နေ့က သွားရောက် ဖြန့်ဝေပေးနေတာဖြစ်ပါတယ်။
အစားအသောက် ၊ အ၀တ်အထည်နဲ့ ဆေးဝါး မြန်မာငွေ သိန်းသုံးဆယ်ဖိုးလောက် လှူဒါန်းခဲ့ကြတယ်လို့ စစ်ပြေးဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သာသနာ့ဥသျှောင်အဖွဲ့မှ ဦးဇ၀နက မိန့်ပါတယ်။
ဒါဟာ ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ရွှေတွံတေးဆရာတော် ဦးဆောင်ပြီးကူညီလှူဒါန်းမှုတွေ ပြုခဲ့ပါသေးတယ်။
နအဖစစ်အစိုးရ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲနေ့ဖြစ်တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာပဲ မြ၀တီလူထုကို ဒေသခံအာဏာပိုင်တွေက အတင်းအဓမ္မဖိအားပေး မဲထည့်ခိုင်းခဲ့အတွက် ဒီကေဘီအေ ဗိုလ်မှူးကြီး ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ တပ်တွေဟာ မြ၀တီဒေသအာဏာပိုင်တွေကို စတင်တိုက်ခိုက်ခဲ့အပြီးမှာ ထိုင်း-မြန်မာနယ်စပ်တလျှောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။
ဒီစစ်ပွဲတွေကြောင့် မြန်မာဘက်မှ ဒုက္ခသည်တွေဟာ ထိုင်းဘက်ကို ခိုလှုံလာလိုက် ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက် ၊ ပြန်လည်ခိုလှုံလာလိုက်နဲ့ ဗျာများနေကြရပါတယ်။ ကနဦးတိုက်ပွဲတွေဖြစ်ပွားချိန်ကဆိုရင် မြန်မာဒုက္ခသည် ၂၀၀၀၀ ကျော်အထိ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြရတာပါ။
နအဖစစ်အစိုးရရဲ့ မီဒီယာတွေမှာတော့ ဒီစစ်ပြေးဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။



တိုက်ပွဲများကြောင့် ထွက်ပြေးလာရသူများကို သံဃာတော်များ ကူညီပေးနေစဉ်
ဧရာဝတီသတင်း
16 December 2010
တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ရှိနေဆဲ
Etiketter: ကရင်သတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment