http://www.naytthit.net
ပဲခူးမြို့၊မြို့သစ် (၈) ရပ်ကွပ် ရန်ကုန် မန္တလေးကားလမ်းဘေးရှိ ရှေးနှစ်ပေါင်း ၁၄၀ ကျော်က အစ္စလာမ်ဘာသာဝင်တွေရဲ့ သုဿန်အား ၁၆ ရက် နေ့လည် ၃ နာရီခန့်တွင် G.E တပ်မှ စစ်သားများဦးဆောင်ကာ ဖြိုဖျက်ခဲ့တယ်လို့ သတင်းရရှိခဲ့ ပါတယ်။
အဆိုပါအစ္စလာမ်ဘာသာဝင်တို့ရဲ့ သုဿန်ဟာ လွန်ခဲ့တဲ့ ၁၈၈၆ ခုနှစ်တွင် စက်ရှင်တ ရားသူကြီး ဦးရစူဘောက်မှ ၀တ္တကမြေအဖြစ် အစ္စလာမ်ဘာသာဝင်တို့ သင်္ဂြိုလ်ဖို့ လှူခဲ့ တာဖြစ်တယ်။ ထိုသုဿန်ထဲမှာ အစ္စလာမ်ဘာသာဝင်တွေ ၀တ်ပြုတဲ့ ရှေးဟောင်းဝတ် ပြုဆောင် ဗလီတလုံးအပြင် ကလေးငယ်တွေကို ဘာသာရေး စာသင်ကြားပေးတဲ့ စာ သင်ကျောင်း တကျောင်းလည်း ရှိနေပါတယ်။ အဲဒါတွေအပြင် ရှေးနှစ်ပေါင်းများစွားက တရားအားထုတ်ရင်း ကွယ်လွန်သွားတဲ့ မွတ်ဆလင် သူတော်စင်တချို့ရဲ့ ရှေးဟောင်း ဂူသင်္ချိုင်းတချို့ရှိနေပါတယ်။

၂၂.၄.၁၉၈၇ မှစတင်ကာ ကွယ်လွန်သူများအား သက်ဆိုင်ရာမှ မြုတ်နှံခွင့် မပြုတော့ တော့ပါဘူး။ သေဆုံးကွယ်လွန်သူများအား အစ္စလာမ်ဘာသာရေးအရ မေတ္တာပို့ ဆု တောင်းခွင့် သုဿန်ဗလီတွင် ၀တ်ပြုဆုတောင်ခွင့်၊ စာသင်ကျောင်းတွင် ဘာသာရေးစာ သင်ကြားခွင့်တွေကိုပါ ၂၀၀၅ ခုနှစ်ကစပြီး သက်ဆိုင်ရာက ပိတ်ပင်လိုက်ပါတယ်။

ပဲခူး မယက ဥက္ကဋ္ဌက ၁၅.၇.၂၀၁၀ နေ့တွင် နောက်ဆုံးထားပြီးသုဿန်သော့ အပ်ရန် ဂေါပကသို့ စာဖြင့် ညွန်ကြားခဲ့ပါတယ်။ ဂေါပကမှ (၁၁) ဦး အရေးပေါ်အစည်းဝေးတိုင် ပင်ကာ ဆုံးဖြတ်ချက်မရတဲ့အတွက် သော့ မအပ်ခဲပါ။
၁၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တစုံတရာ ကြိုတင်အသိပေးခြင်မရှိပဲ G.E တပ်ဖွဲ့ဝင် တွေနဲ့ စည်ပင်တွေဦးဆောင်ပြီး ရှမ်းစုလမ်းဘက်မှ အုတ်နံရံဝင်းကို ဘူဒိုဇာဖြင့် ၀င်တိုက် ဖျက်စီးကာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှေးဟောင်း သင်္ချိုင်းဂူးတွေကို ၀င်ရောက်ဖျက် စီးခဲ့ပါတယ်။

ယခုအချိန်တွင်လဲ နောက်ထပ် ဘူဒိုဇာများ ရောက်ရှိလာပါတယ်။ မြို့ခံအစ္စလာမ်ဘာ သာဝင် လ္ဘရည်ဆိုင်ပိုင်ရှင်တဦး ပြောပြရာတွင်…
“ကျနောတို့ အနေနဲ့ မတတ်နိုင်တော့ဘူး သုသာန်ဝင်းတဲ့မှာ ဗလီနဲ့ စာသင်ကျောင်းရှိ တယ် အဲတာကိုပါ ဖျက်လာရင်တော့ အသက်နဲ့လဲပြီး ကာကွယ်သွာမယ်ဗျာ” လို့ ပြောပြသွားပါတယ်။
ပဲခူးမြို့ခံ အစ္စလာမ်ဘာသာဝင်တွေဟာ ဒီကိစ္စကြောင့် များစွာစိတ်ထိခိုက်နေကြပါတယ်။

အစ္စလာမ်အဖွဲ့ကြီး ၅ ဖွဲ့မှ လိုက်ပါဆောင်ရွက်နေကြပြီး ပဲးခူးတိုင် NLD လူငယ်တာ ၀န်ခံ ဟောင်း ကိုအောင်မျိုးဝင်းမှ ဦးဆောင်ပြီး NLD အဖွဲ့ချုပ်၊ ILO နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အား ယနေ ၁၇ ရက်နေ့ ညနေမှာ သွားရောက်အကူအညီတောင်းမယ်လို့ သိရပါ တယ်။
မြို့ခံ အစ္စလာန်ဘာသာဝင်းများအနေနဲ့ သုသာန်ဝင်းအတွင်းက ဗလီနဲ့ စာသင်ကျောင်း ကို ဖြိုဖျက်လာပါက တုံ့ပြန်သွားမယ်လို့ ပြောနေကြကြောင်း ကြားသိရပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment